တနင်္သာရီ၊ မေ ၂၀

တနင်္သာရီတိုင်း တနင်္သာရီမြိုနယ်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၃၁ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းအတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၃၅) နယ်မြေ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ ထံကို ခမရ ၄၃၁ တပ်ရင်းတပ်သား ချစ်ကိုဟာ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့မှာ ဆက်သွယ်အလင်းဝင်ခဲ့တာပါ။

တပ်သားချစ်ကိုဟာ MA-1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဆံ ၁၄၇ တောင့်၊ ကျည်ဘောက် ၃ ခုနဲ့အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ တပ်သားချစ်ကိုအား မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ ရဲ့ တပ်ရင်းမှူး အယ်ကြီးက ကြိုဆိုလက်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားသလို လက်နက်နဲ့ အတူဝင်ရောက်လာတာကြောင့် ချီးမြှင့်ငွေပေးအပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တပ်သား ချစ်ကိုဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မစစ်မှုထမ်း စေလွှတ်ခံရသူဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၈ တက်ရောက်ခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့ထံကို ဆက်သွယ် အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁၄ ဦး ရှိတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနထံသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တနင်္သာရီတိုင်းစစ်ဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.