လောင်းလုံး၊ မေ ၁၇
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဒေသခံ ၅ ဦးနဲ့ ပျူစောထီးတစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာရှိ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဒေသခံ ၆ ဦးကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေအိမ်အတွင်း ဝင်ရောက်ဖမိးဆီးခဲ့တာပါ။
စမ်းလှမ်းကျေးရွာရှိ ရေလုပ်ငန်းလုပ်ကိုင်နေတဲ့ အသက် ၆၀ နှစ်အရွယ် ဒေါ်အုန်းရီနဲ့ အသက် ၃၆ နှစ်အရွယ် သမီးဖြစ်သူ ဒေါ်ဇင်မာစိုး၊ ပျူစောထီး ဦးသိန်းဇော်၊ အသက် ၅၈ နှစ်အရွယ် ဦးအောင်မိုးနဲ့ အသက် ၃၃ နှစ်အရွယ် သားဖြစ်သူ ကိုရှိန်းသူရိန်မိုး၊ အသက် ၃၃ နှစ်အရွယ် ကိုဇော်ဇော်ငြိမ်း တို့ကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူအဖြစ် ကျော်ကြားတဲ့ ဒေါ်အုန်းရီရဲ့ နေအိမ်ကို ရှာဖွေချိန် မူး ယစ်ဆေး အရောင်းအဝယ်စာအုပ်နဲ့အတူ WY ၁၇ ပြား၊ ရေတပ်စစ်သင်္ဘော CO ထံ ဆက်ကြေးကောက်ပေးတဲ့စာရင်း ၊ စစ်ကြောင်းမှူး အပါအဝင် စရဖ ဗိုလ်ကြီး၊ နေပြည်တော် ဗိုလ်တွေနဲ့ အကြီးပိုင်းအရာရှိတွေရဲ့ ဖုန်းနံပါတ်တွေ ရေးမှတ်ထားတဲ့ မှတ်စုစာအုပ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးချက်အရ စစ်ကောင်စီအပါအဝင် ကျောက်နီမော် ပျူစောထီး ချစ်စမ်းမောင်နဲ့ ဆက်သွယ် ပြောဆိုထားတဲ့အပြင် ဖမ်းဆီးချိန်က အိမ်မှာကျန်ရစ်သူ မရှိတောတာကြောင့် ရွှေငွေနဲ့ ဆိုင်ကယ်သုံးစီးကိုလည်း လုံခြုံရေးအရ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးအောင်မိုးနဲ့ သားဖြစ်သူ ကိုရှိန်းသူရိန်မိုးတို့ဟာ စစ်ကောင်စီရဲ့ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းနဲ့ ဆက်သွယ်ကာ တိုင်ကြားဖူးတဲ့ ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ပြီး ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးကိုပါ ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကိုရှိန်းသူရိန်မိုးရဲ့ ထွက်ဆိုချက်ကို မူတည်ပြီး နောက်နောင်စစ်ကာင်စီနဲ့ မပတ်သက်ဖို့ သတိပေးခဲ့ပြီး ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ သိမ်းဆည်းခဲ့တဲ့ ကားနဲ့အတူ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာ စမ်းလှမ်းကျေးရွာရှိ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဒေသခံ ၄ ဦးနဲ့ ပျူစောထီး တစ်ဦးကို ဆက်လက်ဖမ်းဆီးထားပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်အတိုင်း လုပ် ဆောင်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း တနင်္သာရီတိုင်းမှာ စစ်ကာင်စီတပ်က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့တဲ့ အရပ်သားပြည်သူ ၃၃၄ ဦးထက်မနည်းရှိခဲ့ပြီး ၆၃ ဦး ပြန်လွတ်လာခဲ့တယ်လို့ ဒေသတွင်း သုတေသ နအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-LLPDF