လှိုင်းဘွဲ၊ မေ ၁၇

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ မော်ကွီးလူ(မယ်လ)စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်နား သောင်ရင်းမြစ်ကမ်းဘေးမှာရှိတဲ့ မော်ကွီးလူ(မယ်လ) စစ်ကောင်စီစခန်းကို မေ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က စတင်ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်ပါတယ်။

မော်ကွီးလူ(မယ်လ)စခန်းသိမ်းတိုက်ပွဲ စတင်ဆင်နွှဲပြီး တစ်ရက်အကြာ မေလ ၁၆ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စခန်းတစ်ခုလုံးကို KNLA KNDO တပ်ဖွဲ့က အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA KNDO တပ်ဖွဲ့က လိုက်လံရှင်းလင်းလုပ်ဆောင်နေပြီး အဲဒီတိုက်ပွဲကြောင့် ထိုင်းစစ်တပ်က နယ်စပ်ဒေသလုံခြုံရေးကို မျက်ခြည်မပြတ်စောင့်ကြည်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မော်ကွီးလူ(မယ်လ)စခန်း သိမ်းပိုက်ခံရတဲ့အတွက် မေလ ၁၆ ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး တိုက်ပွဲကြောင့် ဒေသခံအ ရပ်သား ၄၀၀ ကျော်ဟာ ထိုင်းဘက်ကို ရောက်ရှိခိုလှုံနေတဲ့အတွက် ထိုင်းစစ်တပ်က လက်ခံစောင့် ရှောက်ကူညီထားပေးတယ်လို့ ထိုင်းနယ်စပ်သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

KNU ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေ ပိုင်ကျုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လပိုင်းကစကာ KNLA KNDO တပ်ဖွဲ့က ထိုးစစ်ဆင်မှုလုပ်ဆောင်ခဲ့ရာ ပူးလူးတူ၊ တခေါဘီခီး၊ မော်ဖားသူး၊ တာလယ် စတဲ့ စခန်းတွေတစ်ခုပြီးတစ်ခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့ပြီး အခုအခါမှာ မော်ကွီးလူ(မယ်လ)စခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာပါ။

အဲဒီနယ်မြေထဲမှာတော့ ဒေါနတောင်တန်းပေါ် နော်တရာထောင်ထိပ်က နော်တရာစခန်းနဲ့ မော်ဖိုးကေစခန်းတို့ ကျန်ရှိနေသေးပြီး ကျန်ရှိတဲ့စခန်း ၂ ခုကိုတော့ KNLA KNDO တပ်ဖွဲ့အနေနဲ့ ဆက် လက်ထိုးစစ်ဆင်သွားဦးမှာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ ထိုင်းနယ်စပ်နားက စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်-ကျုံဒိုးမြို့က တိုက်ပွဲအခြေအနေတွေကြောင့် စစ်ကောင်စီတပ်ဟာ ကရင် ပြည်နယ်မြို့တော် ဘားအံမြို့ပေါ်မှာ ခံစစ်ပြင်ဆင်မှုတွေ၊ လုံခြုံရေးတင်းကြပ်တာတွေအပြင် စစ်သ င်္ဘောတွေ ချထားပြီး ကင်းချစောင့်ကြည့်တာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.