ရသေ့တောင်၊ မေ ၁၅
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တို့မှာ နှစ်ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေ ဆုံးခဲ့ပြီး နေအိမ် ၄၀ လုံး ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
မေ ၁၃ ရက် မနက် ၁၀ နာရီအချိန်ခန့်မှာ ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃၁ လုံး ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေ ၁၄ ရက် ညနေ ၄ နာရီအချိန်ခန့်မှာလည်း ကျောက်တော်မြို့ရှိ လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး နေ အိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေကြရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီတွေကို ထိရောက်စွာပေးနိုင်ဖို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို မေလ ၃၁ ရက်နေ့အထိ တစ်လတာတိုးမြှင့်ထားတဲ့အချိန်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေအား အခုလိုလာရောက်တိုက်ခိုက်နေတာကို ပြင်းထန်စွာရှုတ်ချတယ်လို့ ဆိုပါတယ်။
အသက်ဆုံးရှုံးသွားခဲ့ရတဲ့ အပြစ်မဲ့အရပ်သား အာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ် ဖြတ်နေကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ AA က အသိပေး ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA