ဒီပဲယင်း မေ ၁၄
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုမှာ ကျောင်းသူ/ကျောင်းသား နှစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့မှာ မနက်ပိုင်း ထုတ်ပြန်ပါတယ်။
ထပ်မံသေဆုံးသွားတဲ့ ကလေးငယ် နှစ်ဦးမှာ အသက် ၈ နှစ်အရွယ် Grade 2 ကျောင်းသား မောင်အောင်ဇေယျ၊ အသက် ၁၁ နှစ်အရွယ် Grade 3 ကျောင်းသူ မပြည့်ပြည့်ငြိမ်းတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ နှစ်ဦး ထပ်တိုးလာတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂၄ ဦးအထိ ရှိလာခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ငြင်းချက်ထုတ်ပြန်ထားပေမယ့် စစ်တပ်လော်ဘီတွေကတော့ ရန်သူတွေကို အမြစ်ပြတ်ချေမှုန်းတာလို့ ဝန်ခံထားပါတယ်။

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော် ရှိနေပြီး အဲဒီထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူ ၁၀ ဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့