May 14, 2025

အရပ်သားပစ်မှတ်တွေကို တွင်ကျယ်စွာ တိုက်ခိုက်တဲ့ စစ်နည်းဗျူဟာ စစ်ကောင်စီအသုံးပြုလာ

ဒီပဲယင်း ၊ မေ ၁၄ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မြေပြင်တိုက်ပွဲတွေမှာ အ‌ရေးနိမ့်လာနေတဲ့ စစ်ကောင်စီက အားသာချက်ဖြစ်တဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်ကို တွင်ကျယ်စွာ တိုက်ခိုက်တဲ့ စစ်နည်း ဗျူဟာကို အသုံးပြုလာနေပါတယ်။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း စွန့်လွှတ်နယ်မြေတွေအပါအဝင် တပ်စခန်းတွေ တပ်အင်အားနဲ့ လက်နက်ခဲယမ်းများစွာ ပြုန်းတီးခဲ့တဲ့အတွက် အရပ်သားတွေကို ဖိအားပေးတဲ့ စစ်နည်း ဗျူဟာနဲ့ လုပ်ဆောင်နေတာလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။…