မုန်း၊ မေ ၁၃
ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်သား တစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အမှတ် ၄၃၉ ခြေမြန်တပ်ရင်းက တပ်သား သက်အောင်ဟာ MA 11 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်အတောင့် ၁၀၀ နဲ့အတူ KNLA တပ်ရင်း ၈ ထံ လက်နက်ချ အ လင်းဝင်ခဲ့တာပါ။
လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားသက်အောင်ဟာ အရင်က YBS ကားမောင်းသမားတစ်ဦး ဖြစ်ပြီး သူရဲ့ဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မတရားဖမ်းဆီးစေခိုင်းခံရသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်သား သက်အောင်ကို KNU မုန်းမြို့နယ်နဲ့ KNLA တပ်ရင်း ၈ က ဆုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အလင်းဝင်းကြဖို့ KNU က တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၆၀၀၀ ထက်မနည်း ပြည်သူ့ရင်ခွင် ခိုလှုံထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU