ပုလော၊ မေ ၁၀
တနင်္သာရီတိုင်း ပုလောမြို့ရှိ ပုလောမြို့မရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ဒုရဲအုပ်အ ပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။
မနေ့ မေ ၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပုလောမြို့မရဲ စခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီထံကနေ သေနတ် တစ်လက်၊ ကျည်အတောင့် ၂၀၀ အပါအဝင် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တာပါ။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပုလောအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၈၅ ခြေလျင်တပ်ရင်ကနေ စပူပြင်ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ယာယီတိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်နဲ့ရဲအင်အား ၅၀ လောက်ဟာ အောက်ပေါင်းကျေးရွာထဲကို စစ် ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတွေဖြစ်တဲ့ အသက် ၂၀ ကနေ ၄၀ အကြား အမျိုးသား ငါးဦးကို ဖမ်းဆီးသွားပြီး ဒီကနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း ပုလောမြို့ အမှတ် ၂ ရပ်ကွက်ရှိ အရက်ဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦး ပစ်ခတ်ခဲ့ရတာကြောင့် သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် တပ်ရင်း ၁