တောင်ငူ၊ မေ ၁၀

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် တောင်ငူ-သံတောင်ကြီး ကားလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က သွားလာလှုပ်ရှားသွားလာမှုကြောင့် မေ ၁ ရက်နေ့ကစပြီး တောင်ငူမြို့ကို ကားတွေ သွားလာတာတွေမပြုလုပ်ဖို့ KNU တပ်မဟာ ၂ လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၅ ဌာနချုပ်က ထုတ်ပြန်ထားတာပါ။

တောင်ငူမြို့ကို သွားတဲ့လမ်းတွေအားလုံးကို KNU ဘက်က ပိတ်ထားလိုက်တဲ့ မေ ၁ ရက်နေ့ကစပြီး မေ ၈ ရက်နေ့အထိ တောင်ငူ – သံတောင်(၁၃)မိုင်-သံတောင်ကြီး လမ်းပိုင်းက စစ်ကောင်စီတပ်စ ခန်းရှိတဲ့ ၅ မိုင်၊ ရွှေညောင်ပင်နဲ့ မိုင် ၂၀ တို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ၅ မိုင်က ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ငူမြို့ကိုသွားတဲ့ လမ်းတွေအားလုံး ပိတ်ထားလိုက်တဲ့အတွက် ဒေသတွင်းမှာရှိနေတဲ့ ဒေသခံပြည်သူတွေဟာ လတ်တလောမှာ စားနပ်ရိက္ခာ၊ စက်သုံးဆီ စတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပြီး လမ်းပိတ်ဆို့မှုကြာမြင့်လာပါက စားနပ်ရိက္ခာတွေ ပြတ်တောက်သွားနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

KNU တပ်မဟာ ၂ တောင်ငူခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ တပ်မဟာ ၂ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် တောင်ငူ – သံတောင်(၁၃)မိုင်-သံတောင်ကြီး လမ်းပိုင်းမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ ဂိတ်စခန်းတွေကို KNU တပ်မဟာ ၂ ပူးပေါင်းတပ်က မကြာခဏ ဝင်ရောက်ပစ်ခတ်လျက်ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU/KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.