ဝါရှင်တန်၊ မေ ၈
ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားရဲ့ တောင်းဆိုမှုတွေ များလွန်းတယ်လို့ အမေရိကန် ဒုသမ္မတ ဂျေဒီ ဗင့်စ်က မေ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ရုရှား ပါဝင်လာစေရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ အိမ်ဖြူတော်က စိတ်ပျက်နေပါတယ်။

ဝါရှင်တန်မှာ ပြုလုပ်တဲ့ မြူးနစ်ခေါင်းဆောင်များအစည်းအဝေးအတွင်းပြောကြားရာမှာ ဒုသမ္မတ ဗင့်စ်က အမေရိကန်အနေနဲ့ ရေရှည် အဖြေအတွက် အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
ယူကရိန်းမှာ ရက် ၃၀ ကြာ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ရုရှားက စောစောပိုင်းက ပယ်ချထားပါတယ်။
ယာယီ အပစ်အခတ် ရပ်စဲရင် ယူကရိန်း အင်အား ပြန်စုနိုင်တာကြောင့် ယာယီအပစ်ရပ်ဖို့ စိတ်မဝင်စားဘူးလို့ မော်စကိုက ပြောဆိုထားတာပါ။

ရုရှားအနေနဲ့ အလျှော့ပေးမှုတွေ ပြုလုပ်လာဖွယ်ရှိတယ်လို့ ဒုသမ္မတ ဗင့်စ်က ပြောကြားတာကြောင့် ဒေါ်နယ် ထရန့်အစိုးရဟာ ရုရှားအပေါ် ပိုပြီး ရန်လိုဖို့ ဆန္ဒရှိတဲ့ လက္ခဏာ တွေ့ရပါတယ်။
ရုရှားက ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး လိုအပ်ချက် တချို့နဲ့ လိုက်လျောပေးမှု တချို့ကို တင်ပြထားပေမယ့် ရုရှား တောင်းဆိုတာတွေ များလွန်းတယ်လို့ အမေရိကန် ဒုသမ္မတက ပြောတာပါ။
သမ္မတ ထရန့်ကတော့ အခြေအနေ တိုးတက်မလာရင် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမှုကနေ နုတ်ထွက်မယ်လို့ ပြောထားပါတယ်။
ယူကရိန်းကတော့ ငြိမ်းချမ်းရေးအတွက် သူတို့ရဲ့ နယ်မြေတွေကို စွန့်လွှတ်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားပြီး ဒုတိယကမ္ဘာစစ် အောင်ပွဲ နှစ်ပတ်လည်နေ့အတွက် ပြည်ပခေါင်းဆောင်တွေ မော်စကို ဆီ ရောက်ရှိလာမယ့်အချိန်မှာ မော်စကိုကို တိုက်ခိုက်မှုတွေ လုပ်နေတာ သုံးရက်မြောက်ပြီ ဖြစ်ပါတယ်။
Ref:Politico