May 4, 2025

လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေး တစ်နိုင်ငံလုံး အပစ်ရပ်ရေးကို အကောင်အထည်ဖော်ဖို့ အပစ်ရပ် ၇ ဖွဲ့ ဆုံးဖြတ်

မော်လမြိုင် မေ ၄ လက်ရှိ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးကို ပထမဦးဆုံး အကောင်ထည်ဖော်မယ့် အစီအစဉ်အဖြစ် ဆုံးဖြတ်ထားတယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအ ဝေးကို စတုတ္ထအကြိမ်အဖြစ်…

အာဏာသိမ်းကာလ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ အဆိုးရွားဆုံးအဆင့်ကိုရောက်နေ

မော်လမြိုင် ၊ မေ ၄ စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ် လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ မေ ၃ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ စာ နယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ UK in Myanmar က ထုတ်ပြန်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာနယ်ဇင်း သတင်းသမားတွေကို…

ရေဖြူမြို့နယ်မှာ PDF ရဲဘော်အပါအဝင် အရပ်သားသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ရေဖြူ၊ မေ ၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် စိန်ဘုံကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးအပါအဝင် အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ တပ်ဖွဲ့အတွက် လိုအပ်တဲ့ ရိက္ခာတွေဝယ်ယူပြီး ကားနဲ့ပြန်လာတဲ့ PDF ရဲဘော်တစ်ဦးနဲ့ ရွာသားနှစ်ဦးဟာ စိန်ဘုံကျေးရွာမှာ စစ်ကောင်စီတပ်…

ကော့ကရိတ်- ကျုံဒိုးတိုက်ပွဲမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာ

ကော့ကရိတ်၊ မေ ၄ ကရင်ပြည်နယ် ကော့ကရိတ်- ကျုံဒိုးမြို့အနီး တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်လာတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်-ကျုံဒိုးမြို့အနီးမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေအပေါ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ…