မော်လမြိုင် ၊ မေ ၃

မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီကြေညာခဲ့တဲ့ ယာယီအပစ်ရပ်ကာလအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၂၀ နီးပါး သေဆုံးခဲ့ရပါတယ်။

ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ အပစ်ရပ်ကာလအတွင်း မြို့နယ် ၄၀ မှာ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် ၇၁ ခုရှိခဲ့ပြီး ဒေသခံပြည်သူ ၁၁၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ Myanmar Peace Monitor ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

အပစ်ရပ်ကာလအတွင်း ရန်ကုန်တိုင်းကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက်ကျူးလွန်ခဲ့ပြီး ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့ဟာ ဗုံးကြဲတိုက်ခိုက်မှု အခံရဆုံးဒေသတွေဖြစ်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှု အခံရဆုံးမြို့နယ်တွေအဖြစ် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်သိမ်း ပိုက်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်၊ ရှမ်းမြောက်ရှိ နောင်ချိုမြို့နယ်၊ ကချင် ပြည်နယ် အင်းတော်မြို့နယ်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ ရခိုင်ပြည်နယ် ကျောက် ဖြူမြို့နယ်၊ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ဖာပွန်မြို့နယ်တို့လည်း လေကြောင်းတိုက်ခိုက်မှု အခံရဆုံးမြို့နယ်တွေထဲမှာ ပါဝင်နေတာပါ။

BNI – Myanmar Peace Monitor ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် မတ်လကစတင်ကာ လေ ကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က စတင်အသုံးပြုခဲ့ပြီး အဲဒီကနေ တပ်စခန်းတွေ တပ် ဖွဲ့ဝင်တွေ အများအပြား ဆုံးရှုံးလာချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားပြုလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလတလျှောက် အခုနှစ် ဧပြီ ၂၂ ရက်နေ့အထိ စစ်‌ကောင်စီရဲ့ အားကိုးရာဖြစ်တဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၂၀၉၀ ကျော်ရှိခဲ့ပြီး အရပ်သားပြည်သူ ၂၁၅၀ နီးပါး သေဆုံးခဲ့ရတာပါ။

ဒီအတွက်ကြောင့် အာဆီယံဥက္ကဌအပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ကို ကြိုဆိုသလိုမျိုး နောက်ဆက်တွဲလုပ်ရပ်တွေကိုလည်း အလေးထားစောင့်ကြည့်ဖို့ ထောက်ပြပါတယ်။

အာဆီယံဥက္ကဌ မလေးရှားနိုင်ငံကတော့ ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးမှုတွေ ဘေးကင်းစွာ လုပ်ဆောင်နိုင်ရေး အပစ်အခတ်ရပ်စဲရေးကာလကို သက်တမ်းထပ်တိုးဖို့ နှစ်ဘက်အဖွဲ့ကို တိုက်တွန်းထားတာပါ။

မြန်မာနိုင်ငံမှာ သဘာဝဘေးဖြစ်ပြီးနောက် ကြေညာခဲ့ကြတဲ့ အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုး ဆက်လက်ထိန်းသိမ်းဖို့ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို တိုက်တွန်းထားတယ်လို့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်တဲ့ မလေးရှားနိုင်ငံခြားရေးဌာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လောလောဆယ်မှာတော့ ဧပြီလကုန်အထိ အပစ်ခတ်ရပ်စဲကာလတိုးထားတဲ့ စစ်ကောင်စီအနေနဲ့ မေလအတွင်း ဆက်လက် သက်တမ်းတိုးဖို့ တရားဝင် မထုတ်ပြန်ရသေးပါဘူး။ အလားတူ NUG ကလည်း ငလျင်သင့်‌ဒေသတွေနဲ့ ဆက်စပ်ဒေသတွေမှာ ဧပြီ ၂၀ ရက်နေ့အထိ ထိုးစစ်တွေကို ရပ် တန့်ထားပြီး လက်ရှိအချိန်မှာ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.