သံဖြူဇရပ်၊ မေ ၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းဆုံရှိ သက္တောစစ် ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ရာမညစစ်ကြောင်းက မေ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီရဲ့ သက္ကောစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့မှာ ရာမညပူးပေါင်းစစ်ကြောင်းက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းပေးတွေထံကနေ စုံစမ်းသိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်း အသုံးပြုသွားလာနေတဲ့ ယာဉ်တွေထံကနေ ငွေကြေးတောင်းခံတာ၊ မသင်္ကာသူတွေကို စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့ ဂိတ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်နေ့ကလည်း သက္ကောစစ်ဆေးရေးဂိတ်ကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SBM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.