လားရှိုးမြို့ အလွှဲအပြောင်းကိစ္စ စောင့်ကြည့်ဖို့ တရုတ်က အဖွဲ့တစ်ဖွဲ့ စေလွှတ်ထား
ပေကျင်း ဧပြီ ၂၃ တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ MNDAA အဖွဲ့တို့ကြား အပစ်ရပ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးဖို့ အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံဆီ စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပြီး ဒါဟာ ကျယ်ပြန့်လာနေတဲ့ ပြည်တွင်းစစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေပြီဆိုတာ အချက်ပြလိုက်တာ ဖြစ်တယ်လို့ ထိုင်းဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကတည်းက…