April 2025

ဘုရားသုံးဆူမြို့အနီးက သတ္တုမိုင်းတွင်းကို စစ်တပ်ဗုံးကြဲ

ဘုရားသုံးဆူ၊ ဧပြီ ၂၆ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ မက္ကသာကျေးရွာအနီးရှိ သတ္တုမိုင်းတွင်းကို ဒီကနေ့ ဧပြီ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မက်သာကျေးရွာအနီးရှိ ခဲမိုင်းသတ္တုတွင်း အမှတ် ၂ နဲ့ အမှတ် ၅ ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Y12…

မွန်နဲ့ တနင်္သာရီအစပ်က လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးမဟာမိတ်ပူးပေါင်းမှု လားရာ

“နယ်မြေစိုးမိုးရေးနဲ့ ထိန်းချုပ်ရေးကိုတော့ လောလောဆယ်မှာတော့ လုပ်ဖို့မရှိသေးဘူးဆိုတာ ပြောချင်တယ်။ ပြည်သူတွေရဲ လုံခြုံရေးနဲ့ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ရံဖန်ရံခါ ကျွန်တော်တို့ စစ်ဆေးရေးတွေ ထိန်းချုပ်ရေး တနည်းတဖုံပေါ့။ လုပ်ဆောင်မှုတွေကတော့ အဆင်ပြေရင် ပြေသလို ဆောင်ရွက်သွားမှာ ဖြစ်တယ်” – နိုင်နဂါး (MSRF) မွန်နဲ့ တနင်္သာရီအစပ်မှာ လှုပ်ရှားနေကြတဲ့ ဒေါနစစ်ကြောင်း (၃) နဲ့ မွန်၊ ကရင်၊…

ရုရှားနဲ့ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီမှု ရခါနီးပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ ဧပြီ ၂၆ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အမေရိကန် ကိုယ်စားလှယ် စတိဇ် ဝစ်ကော့ဖ်တို့ ဆွေးနွေးပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ရုရှားနဲ့ယူကရိန်းကြား သဘောတူညီမှု ရရှိဖို့ အရမ်း နီးစပ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ ယူကရိန်း ပါဝင်မှု မရှိခဲ့တဲ့ ဆွေးနွေးမှုတွေ အပြုသဘောဆောင်တယ်လို့ ကရင်မလင်နန်းတော်က ပြောထားပြီး ထရန့်က…

အမေရိကန်ရဲ့ အခွန်ကောက်မှု ပြင်းထန်တဲ့ အတ္တဝါဒကို ပြသနေတယ်လို့ တရုတ် ပြော

ဘေဂျင်း၊ ဧပြီ ၂၆ အမေရိကန် ပြဌာန်းထားတဲ့ အခွန်အတုပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေဘက်က ရပ်တည်မှာ ဖြစ်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကာဇက်စတန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ တရုတ်- ဗဟိုအာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ပြင်ပမှာ ဝန်ကြီး…

ထားဝယ်မှာ တိုက်ပွဲပြင်းထန်၊ အရပ်သား ထိခိုက်သေဆုံးမှုတွေရှိနေ

ထားဝယ်၊ ဧပြီ ၂၆ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီး ဟာလီးကွေ့နားမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး မောင်မယ်ရှောင်ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင် စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း ဇဟာကျေးရွာကနေ…

တော်လှန်ရေးကာလအတွင်း SOF တပ်ဖွဲ့ဝင် ၂၀ ဦး ကျဆုံး

မော်လမြိုင်၊ ဧပြီ ၂၆ အာဏာသိမ်းစစ်အုပ်စု ပြုတ်ကျရေး နွေဦးတော်လှန်ရေးတိုက်ပွဲ လေးနှစ်တာကာလအတွင်း ရဲ ဘော်ဆရာကျောင်းအပါအဝင် တပ်ဖွဲ့ဝင် ရဲဘော် ၂၀ ဦး ကျဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ဒီကနေ့ ဧပြီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဧပြီ ၂၅ ရက်နေ့က အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ရဲ့ စစ်ကြောင်း…

စစ်ကောင်စီရဲ့ ကပစ ၁၃ စက်ရုံ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ

ဆင်ပေါင်ဝဲ ၊ဧပြီ ၂၆ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃) ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warroir For Myanmar-BWM ထံက သိရပါတယ်။ မနေ့ ဧပြီ ၂၅ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်မှာ ဆင်ပေါင်ဝဲမြို့နယ်ရှိ…

စစ်အာဏာသိမ်း (၁၅၄၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၅၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၆ AAPP ရဲ့ ဧပြီ ၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၄၅) ရက်အတွင်း ပြည်သူ (၆၅၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၀၇၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၀၀ ) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စက်သုံးဆီဈေးနှုန်း ကျဆင်းလာလို့ ပြည်သူတွေ စိတ်ချမ်းသာစွာ ဝယ်ယူသုံးစွဲနေရပြီလို့ စစ်ကောင်စီဝါဒဖြန့်

မော်လမြိုင် ၊ ဧပြီ ၂၆ နိုင်ငံအတွင်းမှာ စက်သုံးဆီဖူလုံမှု ရှိပြီး ဈေးနှုန်းကျဆင်းလာတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာစွာ ဝယ်ယူသုံးစွဲလျက်ရှိတယ်လို့ ဧပြီ ၂၃ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ စက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ထိ စက်သုံးဆီ တစ်လီတာကို ကျပ် ၃၁၀၀ ကျော်ရှိရာမှ ဧပြီ ၁၈…

တိုက်ပွဲတွေကြောင့် သရက်ချောင်းမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ညပိုင်းသွားလာခွင့်ပိတ်

သရက်ချောင်း၊ ဧပြီ ၂၆ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတာကြောင့် တိုက် ပွဲဖြစ်ပွားနေတဲ့ နယ်မြေအတွင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ညပိုင်းဖြတ်သန်းသွားလာခြင်း မပြုကြဖို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ပါတယ်။ သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာမှာရှိတဲ့ ဝင်းဝစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းကပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် နေ့စဉ်ရက်ဆက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။…