ကော့ကရိတ် – ကျုံဒိုးတိုက်ပွဲကြောင့် ဘားအံမြို့မှာ စစ်ကောင်စီခံစစ်ပြင်
ကော့ကရိတ်၊ ဧပြီ ၂၉ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကျုံဒိုးမြို့ တိုက်ပွဲတွေကြောင့် မြို့ တော် ဘားအံမြို့ပေါ်မှာ စစ်သင်္ဘောပေါ်တွေ ချထားတဲ့အပြင် မြစ်ကမ်းအနီးက ကျေးရွာတွေအချို့မှာ ကင်းပုန်းဝပ်တပ်စွဲထားတာတွေ ရှိနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ဘားအံမြို့ပေါ် သံလွင်မြစ်ကမ်းမှာ စစ်ကောင်စီတပ်က စစ်သင်္ဘောတစ်စီးနဲ့ ထုံးအိုင်ကျေးရွာအနီးမှာ စစ်သင်္ဘောတစ်စီးတို့ကို ချထားပြီး…