ငလျင်ဘေးဒဏ်သင့်နေချိန် မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ စစ်ကောင်စီ စတင်ပြင်ဆင်
မော်လမြိုင် ၊ ဧပြီ ၁ မြန်မာနိုင်ငံရဲ့ ဒေသခြောက်ခုမှာ ငလျင်ဘေးဒဏ်ကို အပြင်အထန် ခံစားနေရချိန် မွန်ပြည်နယ်မှာတော့ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် မော်လမြိုင်မြို့ ကမ်းနားလမ်းမှာ ဗဟိုမဏ္ဍပ် စတင် ဆောက်လုပ်နေသလို တခြား ဌာနဆိုင်ရာ မဏ္ဍပ်တွေကိုလည်း…