ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်ကောင်စီ တပ်အင်အား ၉၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေ
ရေဖြူ၊ ဧပြီ ၁ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီးပတ်ဝန်းကျင် ကျေးရွာတွေကို စစ်ကောင်စီဘက်က တပ်အင်အား ၉၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်အနီးပတ် ဝန်းကျင် ကျေးရွာဖြစ်တဲ့ စခန်းကြီးကျေးရွာကို တပ်အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာသလို မောင်းမကန်ဝန်းကျင်မှာလည်း အင်အား ၁၀၀…