နယ်စပ်တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော် ထိုင်းဘက်ခြမ်းကို စစ်ရှောင်
မြဝတီ၊ ဧပြီ ၁၉ ကရင်ပြည်နယ် မြ၀တီမြို့နယ် ထိုင်းနယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ မော်ဖားသူစခန်းဟာ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်ခြင်းခံရပြီး စစ်ရေး အခြေအနေကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် ထိုင်းဘက်ခြမ်းကို ရောက်ရှိခိုလှုံလာခဲ့ကာ ထိုင်းစစ်တပ်က စောင့်ရှောက်ကူညီထားပေးတယ်လို့ ထိုင်းစစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ ၇ နယ်မြေ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသ အထက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့…