ကွာလာလမ်ပူ ဧပြီ ၂၉

မြန်မာနိုင်ငံရှိ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ပြည်သူ အားလုံးကို အကန့်အသတ်မရှိ လူသားချင်း စာနာထောက်ထားရေး အကူအညီ ဆက်လက် ပေးဆောင်ရေး မလေးရှားနဲ့ ဗီယက်နမ်တို့ တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ပါတယ်။

ဧပြီ ၂၈ ရက်က ဖနွမ်းပင်မြို့မှာ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို သဘောတူခဲ့တာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးရေး လုပ်သားတွေ ဘေးကင်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး အပစ်အခတ် ဆက်လက် ရပ်စဲထားဖို့ အရေးကြီးတယ်လို့ ဝန်ကြီးချုပ် အန်ဝါက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မတ်လ လကုန်ပိုင်းက ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံမှာ လူပေါင်းများစွာဟာ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ အရေးတကြီး လိုအပ်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ ကြာက်ခြေနီအဖွဲ့က သတိပေးထားပါတယ်။

ငလျင်ဘေးအတွက် နိုင်ငံတကာက အကူအညီတွေ အများကြီး ပေးပို့ထားပေမယ့် ရေသန့် တစ်ဘူးတောင် မရသေးတဲ့ ငလျင်ဘေးသင့်သူတွေ ရှိနေသေးတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အခုနှစ် အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ဝန်ကြီးချုပ် အန်ဝါက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီး ငလျင်ဘေးကို အကြောင်းပြုပြီး အပစ်ရပ်စဲမှု သက်တမ်းတိုးဖို့ တောင်းဆိုထားပါတယ်။

အပစ်အခတ် ရပ်စဲမှုကို စစ်ကောင်စီက သဘောတူထားတယ် ဆိုပေမယ့် စစ်ကောင်စီဟာ ငလျင်လှုပ်ပြီး နောက်ပိုင်းမှာတောင် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Ref: Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.