ဘုတ်ပြင်း၊ ဧပြီ ၂၉

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင် စီရဲ့ ဒရုန်းဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေညာတပ်နယ်ဘက်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ နေရာငါးခုကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်ကြီးမဏ္ဍိုင်လမ်းဆုံအနီးရှိ နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်အရွယ် ဆယ်တန်းကျောင်းသူတစ်ဦး ခါးမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီး ရမ်းသမ်းကြဲချတာကြောင့် ဒေသခံပြည်သူတချို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြောင့် အရပ် သားပြည်သူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.