နေပြည်တော်၊ ဧပြီ ၂၈

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်သူတွေကို ထိထိရောက်ရောက် ခြေရာခံ၊ ဖော်ထုတ်ရှာဖွေဖို့ ၂၀၂၅ ခုနှစ် မတ်လက စတင်ပြီး နည်းပညာတွေ အများကြီး အသုံးပြုနေကြောင်း Myanmar Internet Project ရဲ့ ဧပြီ ၂၆ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးလေးနှစ်အကြာမှာ စစ်ကောင်စီ အသုံးပြုနေတဲ့ ဒီဂျစ်တယ် ဖိနှိပ်ရေးနည်းလမ်းတွေဟာ သိသိသာသာ အရှိန်မြင့်တက်လာပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ် မတ်လကုန်အထိ အင်တာနက် လိုင်းဖြတ်တောက်ထားတဲ့ ဖြစ်ရပ်ပေါင်း ၃၇၅ ခုရှိခဲ့တယ်လို့ MIP က မှတ်တမ်းတင် ဖော်ပြပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေနဲ့ သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို မကြာခဏဆိုသလို အင်တာနက် ဖြတ်တောက်နေပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ စောင့်ကြည့် ထောက်လှမ်းမှုတွေ အရှိန်မြှင့် ပြုလုပ်နေပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး လေးနှစ်အကြာမှာ အရပ်သား အစိုးရ လက်ထက်က ရှိခဲ့တဲ့ စောင့်ကြည့်ရေးစနစ်ကို ပိုအားကောင်းအောင် တည်ဆောက်ပြီး တလွဲအသုံးချနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက မှတ်ပုံတင်နံပါတ်၊ ဆင်းမ်ကတ်မှတ်ပုံတင်နဲ့ တခြား သတင်းအချက်အလက်တွေ ပါဝင်တဲ့ နိုင်ငံတစ်ဝန်း အချက်အလက် စုဆောင်းမှု နေရာတစ်ခု ဖန်တီးထားပါတယ်။

စစ်ကောင်စီက ပြည်သူအချင်းချင်း ဆက်သွယ်မှုတွေကို စောင့်နားထောင်တာ၊ စစ်ဆေးတာတွေလည်း အရှိန်မြှင့် ပြုလုပ်လာနေပါတယ်။

ဒါပေမဲ့ ဒီလို ကြားဖြတ် ထောက်လှမ်းရေးစနစ်တွေဟာ အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ကိုင်ဖုန်းနဲ့ ဖုန်းဆက်သွယ်မှုတွေ၊ SMS စာတိုပေးပို့မှုတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာလုံခြုံရေးတပ်ဖွဲ့က စောင့်ကြည့် စစ်ဆေးပေးရတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိ တစ်ဦးက ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:ifex.org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.