မော်လမြိုင်၊ ဧပြီ ၂၆
အာဏာသိမ်းစစ်အုပ်စု ပြုတ်ကျရေး နွေဦးတော်လှန်ရေးတိုက်ပွဲ လေးနှစ်တာကာလအတွင်း ရဲ ဘော်ဆရာကျောင်းအပါအဝင် တပ်ဖွဲ့ဝင် ရဲဘော် ၂၀ ဦး ကျဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က ဒီကနေ့ ဧပြီ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဧပြီ ၂၅ ရက်နေ့က အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ရဲ့ စစ်ကြောင်း (၁) စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နဲ့ ကျဆုံးရဲဘော်တွေ အောက်မေ့သတိရ အလေးပြုခြင်း အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့တာပါ။
အခမ်းအနားမှာ ပြည်သူ့ကွယ်ရေးတပ်မတော်အလံတော်ကို အလံတဝက်ချ အလေးပြုတာ၊ သစ္စာဓိဌာန်ရွတ်ဆိုတာ၊ ကျဆုံးရဲဘော်တစ်ဦးချင်းစီရဲ့ တော်လှန်ရေးဆောင်ရွက်ချက်မှတ်တမ်းတွေကို အောက်မေ့သတိရဖွယ်၊ ဂုဏ်ယူဖွယ် ပြန်လည်ဝေမျှခဲ့ပြီး ကျဆုံးရဲဘော်တွေ အလေးပြုတာ ဆောင် ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကြောင်းမှူး ရဲဘော်ဆရာကျောင်းနဲ့အတူ ရဲဘော်ကုလားကြီး၊ ရဲဘော်ကိုဟိန်း၊ ရဲဘော်မိုက်တီးတို့ လေးဦးဟာ ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်နေ့က ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အနီးရှိ စစ်ကောင်စီရဲ့ တောင်စွန်းစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အနေနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို သက်စွန့်အာဇာနည် ဆုတံဆိပ် ချီးမြှင့်ခဲ့ကာ ရဲရင့်သော အာဇာနည်တွေအဖြစ် အထူးပင်မှတ်တမ်းတင်ထားရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – SOF