ထားဝယ်၊ ဧပြီ ၂၇

တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ်အရှေ့တောဒေသတို့ကို စစ်ကောင်စီဘက်က စက်သုံးဆီနဲ့စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီစတုတ္ထအပတ်လောက်စပြီး ထားဝယ်မြို့အထွက် စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ကမြောကင်းတံတား၊ ဗျောတောဝ၊ ပေါက်တိုင်းဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်တို့မှာ စက်သုံးဆီနဲ့စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စက်သုံးဆီနဲ့စားသောက် ကုန် တင်ဆောင်လာပါက သိမ်းယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပိတ်ပင်မှုကြောင့် ထားဝယ်အရှေ့တောဒေသ၊ လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်တို့မှာ စားသောက်ကုန်နဲ့ စက်သုံးဆီ လိုအပ်ချက်တွေရှိလာနေပြီး ကုန်ဈေးနှုန်းတက်တာနဲ့ ပစ္စည်းပြတ် လပ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကျေးရွာတွေမှာရှိနေတဲ့ ရိက္ခာ၊ စက်သုံးဆီတွေကို အသုံးပြုနေရပြီး ရေရှည်ပိတ်ထားလိုက်ပါက ဒေသခံတွေ အခက်အခဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့် အဲဒီဒေသတွေထဲမှာ ကုန်ပစ္စည်းတမယ်လျှင် အနည်ဆုံး ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လာပြီး စက်သုံးဆီလီတာ ကျပ် ၅၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေပါတယ်။

စစ်ကောင်စီဘက်က စက်သုံးဆီနဲ့စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားတဲ့ ထားဝယ်အရှေ့တောဒေသနဲ့ သရက်ချောင်းမြို့နယ်တို့မှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်ပွားနေသ လို စစ်ကောင်စီဘက် လေကြောင်းကနေ ဗုံးကြဲတာတွေလည်း ရှိနေပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ စက်သုံးဆီကိုလည်း ထားဝယ်မြို့တွင်းကနေလွဲပြီး မြို့ပြင်ပကို သယ်ယူရောင်းချတာ မလုပ်ကြဖို့ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တွေကို ဖိအားပေးတားမြစ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.