ရန်ကုန်၊ ဧပြီ ၂၄
မြန်မာနိုင်ငံ ငလျင်ဘေးသင့်ရာဒေသတွေမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ထောင်နဲ့ချီတဲ့လူတွေကြား TB၊ HIV၊ ခြင်နဲ့ ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေအပါအဝင် ရောဂါပျံ့နှံ့မှု အန္တရာယ်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHOက သတိပေးထားပါတယ်။
မတ်လ ၂၈ရက်က နိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု့ဒ် ၇ဒ ဿမ၇နဲ့ ၆ဒဿ မ၈ အဆင့်ရှိ ငလျင်တွေ မလှုပ်ခင်ကတည်းက မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒဿမ၅သန်း ရှိတယ်လို့ ကုလသမဂ္ဂက ဖော်ပြထားတာပါ။
လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ပြီးနောက် လူနေထူတဲ့ အမိုးအကာတွေ၊ သန့်ရှင်းမှု အားနည်းတာ၊ အခြေခံ အဆောက်အဦးတွေ ပျက်စီးတာနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ အကန့် အသတ်နဲ့ပဲ ရှိတာတို့ကြောင့် ရောဂါ ပျံ့နိုင်တဲ့အန္တရာယ် မြင့်မားနေတယ်လို့ WHOကသတိပေးထားပါတယ်။
အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ WHO အတွက် TBရောဂါကာကွယ်ရေးဟာ ကြီးမားတဲ့ ဝန် ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတာ ကြာပြီဖြစ်ပါတယ်။ ၂၀၂၀မှာ လူပေါင်း ၁၆၇၀၀၀ TB ရောဂါ ဖြစ်ပွားခဲ့ပြီး သူတို့ထဲက ၂၂၀၀၀ သေဆုံးခဲ့ရတယ်လို့ WHO ပြောပါတယ်။
လူ့အသက်တွေ အန္တရာယ်ကျရောက်နေပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ WHOကိုယ်စားလှယ် ဒေါက် တာ သက်စ်ဟာရာ ဖာနန်ဒိုက ပြောပါတယ်။ မုတ်သုန်ရာသီ ဝင်ရောက်လာရင် မြန်မာနိုင်ငံမှာ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါပျံ့နှံ့မှုတွေ ဖြစ်လာနိုင်ကြောင်းလည်း WHOက သတိပေးထားပါသေးတယ်။
မြန်မာနိုင်ငံဟာ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတဲ့ ရာဇဝင်ရှိပြီး ရေကြောင့်ဖြစ်တဲ့ ရောဂါတွေပျံ့နှံ့လာ နိုင်တဲ့ အန္တရာယ်မြင့်မားတယ်လို့ WHOက သတိပေးထားပါတယ်။
Ref:WHO