ဝါရှင်တန် ဧပြီ ၂၂

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်မှာ ဖြစ်တဲ့အကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ကြေညာပါတယ်။

၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့မှာ မေ ၂၄ ရက်နေ့ ညနေပိုင်း ကျင်းပမယ်လို့ အဲဒီအဖွဲ့က ကြေညာထားတာပါ။

၁၅ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုနဲ့ ထုတ်လုပ်မှုတွေ၊ ၁၄ ကြိမ်မြောက်မှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်အသင်းကတော့ နိုင်ငံရေး၊ လူမှုရေးနဲ့ ပရဟိတနယ်ပယ်တွေမှာ ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ကြသူတွေကို နှစ်စဉ် ဆုချီးမြှင့်နေခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.