April 17, 2025

မြန်မာ့ငလျင်ကြောင့် အပျက်အစီး တန်ချိန် ၂ ဒသမ ၅ သန်း ထွက်ပေါ်လာခဲ့တယ်လို့ ကုလပြော

ဂျီနီဗာ၊ ဧပြီ ၁၈ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့အဆိုးရွားဆုံး ထိခိုက်ရာ ဒေသတွေမှာ ကုန်တင်ကားအစီးရေ ၁၂၅၀၀၀ စာနဲ့တူညီတဲ့အ ပျက်အစီးတန်ချိန် ၂ ဒသမ ၅ သန်းထက်မနည်း ထွက်ပေါ်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ဧပြီ ၁၄ ရက်…

ရွေးကောက်ပွဲအောင်မြင်ရေး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရာမှာ တိုင်းရင်းသားတွေပူးပေါင်းကြဖို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ဧပြီ ၁၈ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ ကမ်းလှမ်းထားပြီးဖြစ်လို့ ရွေးကောက်ပွဲအောင်မြင်ရေး ပြည်ထောင်စုဖွား တိုင်းရင်း သားတွေ ပူးပေါင်းဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူးနှုတ်ဆက်စကားအဖြစ် အာဏာသိမ်းစစ်ကောင် စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတို့ထိန်းချုပ်ထားတဲ့ ဝါဒဖြန့် သတင်းစာတွေနဲ့…

အခွန်နဲ့ပတ်သက်လို့ ထရန့်အစိုးရကို ကယ်လီဖိုးနီးယား ပြည်နယ် ပထမဆုံး တရားစွဲ

စကရာမန်တို ဧပြီ ၁၇ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြောင်းပြန်လန်သွားစေခဲ့တဲ့ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်ကောက်ခံမှုနဲ့ ပတ်သက်လို့ စိန်ခေါ်တဲ့ တရားစွဲဆိုမှု တစ်ခုကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆင်က ပြုလုပ်လိုက်ပါတယ်။ အခွန်အတုပ်နဲ့ ပတ်သက်လို့ ပြည်နယ်တစ်ခုက ပထမဆုံးလုပ်ဆောင်မှုဖြစ်တဲ့ အဲဒီ တရားစွဲဆိုမှုဟာ ထရန့်အနေနဲ့ အထူးအမိန့် ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ သူ့မှာ…

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေ

မိုးကုတ် ၊ ဧပြီ ၁၇ ရေရှည်တည်တံ့ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင်က ပြောပေမယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသတချို့မှာ ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဧပြီ ၁၇ ရက်နေ့ မနက် ၈ နာရီမှာ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ သရက်တောရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး‌…

အများပြည်သူဆိုင်ရာနေရာတွေကို စစ်ကောင်စီတိုက်ခိုက်နေလို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ မွန်ပြည်သစ်ပါတီ AD တိုက်တွန်း

ကျုံဒိုး ၊ ဧပြီ ၁၇ စစ်ကောင်စီဟာ လက်ရှိအချိန်ထိ ကျုံဒိုးမြို့အနီးတဝိုက်ရှိ ကျေးရွာတွေကိုလေကြောင်းသာမက လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ မွန်ပြည်သစ်ပါတီ AD က တိုက်တွန်းပါတယ်။ ဧပြီ ၁၅ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီကျေးရွာကို စစ်ကောင်စီက လေ ကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က…

နှစ်သစ်ကူးအထိမ်းအမှတ် အကျဉ်းသား ၄၉၀၀ ဝန်းကျင် စစ်ကောင်စီ လွှတ်ပေး

ဘန်ကောက် ဧပြီ ၁၇ နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၄၉၀၀ ဝန်းကျင်ကို စစ်ကောင်စီက လွတ်ငြိမ်ချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမယ့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါဝင်တယ်ဆိုတာကိုတော့ လတ်တလောမှာ မသိရသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ စစ်ကောင်စီ အာဘော်…