တိုကျို၊ ဧပြီ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သူ့ရဲ့ အခွန်တိုးမြှင့် ပြဌာန်းမှုတွေရဲ့ရလဒ်ကြောင့် ပေးဆပ်ရတာတွေ ရှိတယ်လို့ ဝန်ခံပြီး တရုတ်နဲ့ သဘောတူညီမှု ရယူလိုတယ်လို့ ပြောလိုက်ပါတယ်။

တရုတ်အပေါ် ကုန်သွယ်ရေး အတားအစီးတွေ အရှိန်မြှင့် ပြုလုပ်ထားပေမယ့် သမ္မတ ထရန့်က တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှု ရယူလိုတယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန်စျေးကွက်တွေမှာလည်း ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာမယ် ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာမှုနဲ့အတူ ရင်းနှီးမြှုပ်နှံသူတွေက ပိုင်ဆိုင်မှု ခိုင်မာနိုင်တဲ့ ရွှေတွေ ဝယ်ယူနေကြတာကြောင့် ဧပြီ ၁၁ ရက်မှာ ကမ္ဘာ့ ရွှေစျေး မြင့်တက်လာခဲ့ပါတယ်။

ဥရောပသမဂ္ဂ အီးယူ ခေါင်းဆောင်တွေဟာ အမေရိကန်အပေါ် လက်စားချေတဲ့ အခွန်ပြဌာန်းမှုတွေ မပြုလုပ်တာဟာ ဉာဏ်အရမ်းကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ထရန့်က ပြောဆိုလာတာပါ။

တရုတ်က သူတို့အပေါ် အခွန်တိုးကောက်ရင် အမေရိကန် နည်းပညာ လုပ်ငန်းကြီးတွေအပေါ် အခွန် ပြန်တိုးကောက်လာနိုင်တယ်လို့ အီးယူ အကြီးအကဲက သတိပေးခဲ့ပေမယ့် ထရန့်က အခွန်တိုးမြှင့် ကောက်ခံခဲ့တာပါ။

ထရန့်က သူ့လုပ်ရပ်ကြောင့် ကြားကာလ ပေးဆပ်ရတာတွေ ကြားကာလ ပြဿနာတွေ ရှိနေတယ်ဆိုတာကို ဝန်ခံပေမယ့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တွေ ဝရုန်းသုန်းကား ဖြစ်နေပြီဆိုတာကိုတော့ ပယ်ချထားပါတယ်။

ကမ္ဘာ့စီးပွားရေး နှေးကွေးလာမယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ ရေနံစျေးနဲ့ ဒေါ်လာစျေး လျော့ကျသွားခဲ့ပါတယ်။

ထရန့်က တရုတ်က လွဲပြီး တခြား ပြဌာန်ထားတဲ့ အခွန်တွေကို ရက် ၉၀ ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပေမယ့် အာရှနဲ့ တခြား စျေးကွက်တွေမှာ ဧပြီ ၁၁ ရက် စောစောပိုင်းအထိ ရှယ်ယာစျေးတွေ လျော့ကျနေဆဲ ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်သူတွေအနေနဲ့ အမေရိကန်မှာ အခြေချလာစေရေး၊ တခြားနိုင်ငံတွေအနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် အတားအစီးတွေ လျော့ချလာစေရေး ထရန့်က အခွန်တွေ တိုးကောက်နေတာ ဖြစ်ပါတယ်။

ထရန့်က အမေရိကန်နဲ့ကုန်သွယ်ရေး သဘောတူညီမှု ရယူကြဖို့ တိုက်တွန်းထားပြီး သဘောတူညီမှု မရယူဘူးဆိုရင် အရင် ပြဌာန်းခဲ့တဲ့ အခွန်တွေကို ရက် ၉၀ ကြာပြီးနောက်မှာ ပြန်လည် ပြဌာန်းသွားမှာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.