ဖာပွန်၊ ဧပြီ ၁၁
ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးပြီး နေအိမ်လေးလုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ဂျက်ဖိုက်တာ တိုက်လေ ယာဉ်နဲ့ ဘလယ်ဝေါ် ကျေးရွာနဲ့ ထီးသဲကရူကျေးရွာတို့ကို ဗုံးနှစ်လုံးလာရောက်ကြဲချသွားတာပါ။
ဗုံးကြဲခံရတာကြောင့် ဘလယ်ဝေါ်ကျေးရွာနေ စောပါနာမူး ၊ စောဒေးစိတို့နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စောကာနေမူး၊ စောပါနာမူးနဲ့ စောဒေါနီတို့ရဲ့ နေအိမ်သုံးလုံး ပျက်စီးခဲ့ရကာ ထီးသဲကရူကျေးရွာမှာလည်း နော်ကြာဟဲနေအိမ် ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘလယ်ဝေါ်ကျေးရွာနဲ့ ထီးသဲကရူကျေးရွာအတွင်းက ဒေသခံအချို့ ထွက်ပြေးခဲ့ရပြီး စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် ယာယီအပစ်ရပ်ကာလ ကြေညာထားပေမယ့် တိုင်းနဲ့ပြည်နယ်တွေမှာ နေ့စဉ်လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU