စစ်ကိုင်း၊ ဧပြီ ၁၀
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကလှုတ်ခတ်ခဲ့တဲ့ ငလျင်ဘေးဒဏ်ကြုံတွေ့ရပြီး တစ်ပတ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦး အပါအ ဝင် အရပ်သား ၇၂ ဦး သေလို့ဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီးနောက်ပိုင်း တစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုစုစုပေါင်း ၉၂ ကြိမ်ထက်မနည်းပြုလုပ်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေအတွင်း အသက် ၁၈ နှစ်အောက် ကလေး ၆ ဦး နဲ့ အမျိုးသမီး ၃၀ ဦး အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၇၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်မှုအတွင်း င လျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု ၁၈ ကြိမ်နဲ့ မန္တလေးတိုင်းအတွင်းတိုက်ခိုက်မှု ၁၈ ကြိမ် ပါဝင် တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၈ ရက် ညနေအထိ သေ ဆုံးသူ ၃၆၄၅ ဦးအထိရှိပြီး ဒဏ်ရာရသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးနေသူ ၁၄၈ ဦးရှိကြောင်း ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU