တာ့ရှ်ကင့်၊ ဧပြီ ၁၀
ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီ CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က ဆက်လက်အသိအမှတ်ပြုတယ်လို့ ဧပြီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ဥဇဘက်ကစ္စတန်နိုင်ငံ တာ့ရှ်ကင့်မြို့မှာ ကျင်းပနေတဲ့ ၁၅၀ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကနေ CRPH ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်အတည်ပြုခဲ့တာပါ။
နိုင်ငံတကာပါလီမန်များအဖွဲ့ IPU အနေနဲ့ CRPH ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ ၁၄၂ ကြိမ်မြောက် ညီလာခံကစပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ် စားပြုအဖွဲ့အစည်းအဖြစ် နိုင်ငံတကာပါလီမန်အစည်းအဝေးတွေမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ညီ လာခံတွေနဲ့ အစည်းအဝေးတွေမှာ အွန်လိုင်းကတစ်ဆင့် ပါဝင်တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် မတ်လအတွင်း ဘာရိမ်းနိုင်ငံ၊ မနားမားမြို့မှာ ကျင်းပခဲ့တဲ့ ၁၄၆ ကြိမ်မြောက် နိုင်ငံတ ကာ ပါလီမန်များ ညီလာခံကစပြီး လူကိုယ်တိုင်တက်ရောက်နေတာလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကောက်မတီ CRPH က ဆိုပါတယ်။
အခုလို နိုင်ငံတကာပါလီမန်များအဖွဲ့ က CRPH ကို အသိအမှတ်ပြုတာဟာ ဒီမိုကရေစီနည်းကျမ ဟုတ်တဲ့ စစ်တပ်ကို ဒီကနေ့တိုင် ဆန့်ကျင်တော်လှန်နေတဲ့ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ပြင်းပြတဲ့ဆန္ဒကို လေးစားတန်ဖိုးထားခြင်းကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
၁၅၀ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ် တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ညီလာခံသို့ တက်ရောက်လာတဲ့ နိုင်ငံအလိုက် လွှတ်တော်ကိုယ် စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်က နိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်လို့ CRPH ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CRPH