ထိုင်းနယ်စပ်က ခလယ့်ဒေးစစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေ
လှိုင်းဘွဲ၊ မတ် ၂၅ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နား ခလယ့်ဒေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က မတ်လ ၂၃ ရက်နေ့ကစပြီး စတင်ပိတ်ဆို့တိုက်ခိုက်နေပြီလို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ခလယ့်ဒေးစခန်းကို မတ်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ကစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…