တနင်္သာရီမှာ ဆီအုန်းခြံ ဗုံးကြဲခံရလို့ လုပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
တနင်္သာရီ၊ မတ် ၂၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာအနီးက ဆီအုန်းခြံ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်ခံရတာကြောင့် လုပ်သားနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ချောင်းလမုကျေးရွာဝန်းကျင်ကို လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ရာကနေ ကျော်မော်-၁၉ ဆီအုန်းကုမ္ပဏီရဲ့ အ လုပ်သမားတန်းလျားအနား ကျရောက်ပေါက်ကွဲခဲ့တာပါ။…