စစ်အာဏာရှင်စနစ်တော်လှန်ရေး ပိုကြမ်းလာမယ်လို့ အကဲခတ်တွေပြော
မော်စကို ၊ မတ် ၆ မြန်မာစစ်ခေါင်းဆောင်နဲ့ ရုရှားအစိုးရတို့ နှစ်နိုင်ငံဆွေးနွေးမှုမှာ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိခဲ့တဲ့အတွက် စစ်အာဏာရှင်စနစ်တော်လှန်ရေး ပိုကြမ်းလာမယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ စစ်ကောင်စီ ဥက္ကဌနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ကိုယ့်ဘာသာခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို ရောက်ရှိနေတာပါ။ ရုရှားသမ္မတအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးနဲ့ လွှတ်တော်ဥက္ကဌနှစ်ဦးတို့က စစ်ခေါင်းဆောင်ကို နှစ်နိုင်ငံကြားကဏ္ဍပေါင်းစုံ…