မော်စကို၊ မတ် ၂၉

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ဦးဆောင်ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိဖို့ တွန်းအားပေးနေချိန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းမှာ အသွင်ကူးပြောင်းရေးအစိုးရ တင်မြှောက်ဖို့ တောင်းဆိုလိုက်ပြီး ယူကရိန်းစစ်သားတွေကို ရုရှားစစ်တပ်က အပြတ်ရှင်းပစ်မယ်လို့ မတ် ၂၈ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။

နှစ်ဘက်စလုံး လူထောင်ချီ သေဆုံးခဲ့ရတဲ့ စစ်ပွဲ သုံးနှစ်ကြာလာချိန်မှာ အိမ်ဖြူတော်သို့ ထရန့် ပြန်ရောက်လာတာပြီးနောက် ယူကရိန်းကို ပေးနေတဲ့ အကူအညီတွေ ရပ်တန့်ပစ်မယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ပူတင်ရဲ့ ယုံကြည်မှုကို ပိုမို အားကောင်းလာစေခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ဖြုတ်ချပေးဖို့ ပူတင်ရဲ့ ထပ်မံ တောင်းဆိုမှုဟာ ကိဗ်မှာ ရုရှား လိုလားတဲ့ အစိုးရ တစ်ခု ပေါ်ပေါက်လာစေရေး သူ့ရဲ့ ကြီးမားတဲ့ ဆန္ဒကို ဖော်ပြနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဦးစီးတဲ့ အစိုးရ တင်မြှောက်ရေး ပူတင်ရဲ့ တောင်းဆိုမှုကို သမ္မတ ဇီလန်စကီးက ပယ်ချထားပြီး ဒါဟာ ငြိမ်းချမ်းရေး သဘောတူညီမှုကို နှောင့်နှေးအောင် ကြိုးပမ်းမှု ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းမှာ အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ် ဖြစ်ပေါ်လာစေရေး ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုနဲ့ ရုရှားက အမေရိကန်၊ ဥရောပသမဂ္ဂ၊ မော်စကိုရဲ့ မဟာမိတ်တွေနဲ့ ဆွေးနွေးလိုတယ်လို့ ပူတင်က ပြောကြားထားတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ချိန်မှာ ရုရှားက ရက်ပိုင်းအတွင်း ပြီးစီးမယ့် စစ်ပွဲဖြစ်မယ်လို့ ပြောဆိုခဲ့ပေမယ့် ယူကရိန်းက အပြင်းအထန် ခုခံပြီး အနောက်တိုင်းက လက်နက်တွေ ပေးပို့ ကူညီခဲ့တာကြောင့် ရုရှားတပ်တွေ ထင်သလောက် ခရီးမပေါက် ဖြစ်ခဲ့ရပါတယ်။

ဇီလန်စကီးကို ဖြုတ်ချရေး ယူကရိန်း စစ်ဗိုလ်ချုပ်တွေကို ပူတင်က အကြိမ်ကြိမ် တိုက်တွန်း ပြောဆိုထားပါတယ်။

ဇီလန်စကီးရဲ့ ကနဦး ရာထူးသက်တမ်းဟာ ၂၀၂၄ ခုနှစ် မေလမှာ သက်တမ်း ကုန်သွားပြီးနောက် သူ့ရဲ့ တရားဝင် ဖြစ်မှုနဲ့ ပတ်သက်လို့လည်း ပူတင်က မေးခွန်း ထုတ်ထားတာဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.