ဘန်ကောက် မတ် ၂၉

မကြာသေးမီကမှ စစ်ကောင်စီက ခန့်အပ်လိုက်တဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အသစ် ဦးဇော်ဇော်စိုးဟာ မနေ့က ငလျင်ကြောင့် ပြိုကျခဲ့ရတဲ့ ဘန်ကောက်မြို့ ကျက်တူကျခရိုင်က ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံးအဆောက်အအုံ နေရာကို ဒီနေ့မှာ လာရောက်ကြည့်ရှုခဲ့တဲ့အကြောင်း Khaosod English သတင်းမှာ ဖော်ပြပါတယ်။

မြန်မာအလုပ်သမား တော်တော်များများ ပိတ်မိနေဆဲ ဖြစ်ပေမယ့် ဘယ်လောက်များများ ပိတ်မိနေသလဲဆိုတာ မသိရဘူးလို့ သံအမတ် ဦးဇော်ဇော်စိုးက ပြောပါတယ်။ ငလျင်လှုပ်ခဲ့တဲ့ မတ် ၂၈ ရက်က ယာဉ်ကြောပိတ်ဆို့မှုကြောင့် အခင်းဖြစ်ရာနေရာကို ရောက်လာနိုင်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

အချိန်နဲ့တပြေးညီ ရှာဖွေကယ်ဆယ်ပေးမှုနဲ့ ထောက်ပံ့ကူညီမှုတွေအတွက် ထိုင်းအစိုးရကို မြန်မာသံအမတ်က ကျေးဇူးတင်စကား ဆိုပါတယ်။

အခင်းဖြစ်ရာနေရာမှာ လူ ၇ ဦး သေဆုံးပြီး ၉၀ လောက် ပျောက်နေဆဲဖြစ်ကြောင်းသာ သိထားပေမယ့် အဲဒီအထဲမှာ မြန်မာနိုင်ငံသား ဘယ်လောက် ပါဝင်သလဲဆိုတာကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

Ref:KhaosodEnglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.