ပုလော၊ မတ် ၂၉

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ မင်းသီရိကျေးရွာသွားလမ်းပေါ်မှာ စစ်ကောင်စီသြဇာခံ ရှပ်ပုံကျေး ရွာ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ပုလောမြို့တော်ခန်းမဘက်ကနေ ရှပ်ပုံကျေးရွာကို တစ်ဦးတည်းလမ်းလျှောက်ပြန်လာတဲ့ ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော်အေးကို သတင်းအရ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာကြောင့် ပျူစောထီးခေါင်းဆောင် ဦးသိန်းဇော်အေးဟာ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့နေရာမှာပဲ သေဆုံးသွားပါတယ်။

ဦးသိန်းဇော်အေးဟာ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သလို လက်နက်ကိုင်ဆောင်တတ်သူလည်းဖြစ်ပြီး CDM ဝန်ထမ်းတွေ ဖမ်းဆီးတာ၊ ခြိမ်းခြောက်ငွေတောင်းတာနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့လိုက်ပြီး ကျေးရွာတွေကို မီးရှို့တာ၊ စစ်ရာဇဝတ်မှုတွေကို စိတ်လိုလက်ရကျူးလွန်တာတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ပုလောမြို့ အမှတ် ၃ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သားအဖ နှစ်ဦး နေအိမ်မှာ ပစ်ခတ်ခံရတာကြောင့် ၂ ဦးစလုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Palaw PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.