March 28, 2025

အင်အားပြင်းငလျင်ကြောင့် တိုင်းနဲ့ပြည်နယ် ခြောက်ခုကို စစ်ကောင်စီ အရေးပေါ်အခြေအနေ ကြေညာ

နေပြည်တော်၊ မတ် ၂၈ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ခြောက်ခုမှာ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီက အရေးအပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ ဒီကနေ့ မတ်လ ၂၈ ရက်နေ့ နေ့လယ် တစ်နာရီအချိန်ခန့်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းတို့မှာ…

စစ်ကိုင်းငလျင်ကြောင့် မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်အထိ သက်ရောက်မှု ရှိခဲ့

ဘန်ကောက် မတ် ၂၉ မတ် ၂၈ ရက် နေ့လယ်ပိုင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ်တို့အထိ သက်ရောက်မှု ရှိခဲ့ပါတယ်။ ငလျင်ကြောင့် ဘန်ကောက်မြို့မှာ ဆောက်လုပ်နေဆဲ အထပ်မြင့်အဆောက်အဦ ပြိုကျမှုမှာတော့ ဒါဇင်နဲ့ချီတဲ့ အလုပ်သမားတွေ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။ ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျုရှိတဲ့…

တရားဝင်လောင်းကစားခွင့် ကာစီနို ဥပဒေကြမ်းကို ထိုင်းအစိုးရ အတည်ပြု

ဘန်ကောက်၊ မတ် ၂၈ ထိုင်းအစိုးရက နိုင်ငံခြားခရီးသွားတွေကို ပိုမို ဆွဲဆောင်နိုင်ရေးနဲ့ အဓိက လောင်းကစား လုပ်ငန်းနယ်ပယ် တစ်ခု တည်ဆောက်ရေး ကြိုးပမ်းနေချိန် ကာစီနိုနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ဖွင့်လှစ်ခွင့်ပြုမယ့် ဥပဒေကြမ်းကို မတ် ၂၇ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အစိုးရထိန်းချုပ်ထားတဲ့ မြင်းပြိုင်ပွဲ၊ ထီနဲ့ တချို့သော အားကစားတွေက လွဲလို့ ထိုင်းမှာ လောင်းကစား အများစုကို…

အမေရိကန်နဲ့ ဆက်ဆံရေး အဆုံးသတ်သွားပြီလို့ ကနေဒါဝန်ကြီးချုပ် ပြော

အိုတာဝါ၊ မတ် ၂၈ စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေး တင်းကြပ်ရေး၊ နှစ်နိုင်ငံ စီးပွားရေး ပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေရေးအပေါ် အခြေခံတဲ့ အမေရိကန်နဲ့ကနေဒါရဲ့ အရင်က ရှိခဲ့တဲ့ ဆက်ဆံရေး ပြီးဆုံးသွားပြီလို့ ကနေဒါဝန်ကြီးချုပ် မက် ကာနေက ပြောကြားလိုက်ပါတယ်။ အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် အိုတာဝါမြို့မှာ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဝန်ကြီးချုပ် ကာနေက အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့…

မန္တလေးမြို့ အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး ၇ ဒသမ ၇ မဂ္ဂနီကျုရှိ ငလျင်ကြီး လှုပ်ခတ်၊ မန္တလေးနဲ့မြို့တချို့မှာ အထိအခိုက်အပျက်အစီးများပြီး ဘန်ကောက်မြို့အထိ သက်ရောက်မှုခံစားခဲ့ရ

ဘန်ကောက် မတ် ၂၈ မြန်မာနိုင်ငံ မန္တလေးမြို့ရဲ့ အနောက်မြောက်ဘက်ကို ဗဟိုပြုပြီး အင်အားမဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး ဒီနေ့ မတ် ၂၈ ရက် နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့အပါအဝင် နိုင်ငံတွင်းက မြို့တော်တော်များများမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀၀ ကျော် ကွာဝေးတဲ့ ထိုင်းမြို့တော်…