တနင်္သာရီ၊ မတ် ၂၅

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူ ၃၂၆ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thaninthatyi ရဲ့ အစီခံစာအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တာနဲ့ အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်း ဆီးခဲ့တာပါ။

အဲဒီလအတွင်း အရပ်သားသတ်ဖြတ်ခံရသူမှာ ၁၂ ဦး ရှိခဲ့ပြီး စစ်ကောင်စီတပ်မှာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၈ ဦး ရှိခဲ့တာ ဖြစ်ပါတယ်။

ပုလောမြို့နယ် ထမင်းမစားကျေးရွာရှိ အသုဘအိမ်သို့သွားပြီး ပြန်လာတဲ့ တော်ဝင်ကျေးရွာမှ ဒေ သခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်နှင်းဖြူအေးနဲ့ အသက် ၁၈ နှစ်အရွယ်မောင်ချစ်ပိုင်စိုးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေးကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦး၊ စာတိုက်စာရေးတစ်ဦးနဲ့ ပျူစောထီးဆိုသူတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က ကျေးရွာနဲ့ မြို့ပေါ်များတွင် အဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ မြို့ပေါ်ရပ်ကွက်တွေမှာ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးပြီး စစ်မှု ထမ်းဖို့ ခေါ်ဆောင်တာနဲ့ ပြည်ပထွက်ခွာမယ့် ရိုဟင်ဂျာတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်မှ အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့သူဦးရေ ၃၂၆ ဦးထက်မနည်းရှိခဲ့ပြီး အဲဒီထဲမှ ၂၁ ဦး ပြန်လွတ်လာခဲ့ကာ ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ နယ်မြေစိုးမိုးမှု ပြန်ရဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်က ဝေဟင်ထိုးစစ်ကို အဓိကထား အသုံးပြုလာတာကြောင့် နေအိမ် ၆၂ လုံးထက်မနည်း ထိ ခိုက်ပျက်စီးခဲ့ပြီး အများစုမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၈၄၀၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.