March 25, 2025

ထိုင်းနယ်စပ်က ခလယ့်ဒေးစခန်းမကျရေး စစ်ကောင်စီ လေကြောင်းနဲ့ အပြင်းအထန်ခုခံနေ

လှိုင်းဘွဲ၊ မတ် ၂၆ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နားက ခလယ့်ဒေးစခန်း မကျရေးအတွက် စစ်ကောင်စီတပ်က မတ်လ ၂၅ ရက်နေ့မှာ လေကြောင်းနဲ့ အပြင်းအထန်ခုခံ ပစ်ခတ်နေတယ်လို့ နယ် စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU တပ်မဟာ ၇ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းကို မတ်လ ၂၃ ရက်နေ့ကစတင်ပြီး KNLA KNDO…

တနင်္သာရီမှာ ဆီအုန်းခြံ ဗုံးကြဲခံရလို့ လုပ်သားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

တနင်္သာရီ၊ မတ် ၂၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာအနီးက ဆီအုန်းခြံ လေယာဉ်နဲ့ဗုံးကြဲတိုက် ခိုက်ခံရတာကြောင့် လုပ်သားနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ ချောင်းလမုကျေးရွာဝန်းကျင်ကို လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ရာကနေ ကျော်မော်-၁၉ ဆီအုန်းကုမ္ပဏီရဲ့ အ လုပ်သမားတန်းလျားအနား ကျရောက်ပေါက်ကွဲခဲ့တာပါ။…

စစ်ခေါင်းဆောင်ကို ဝေဖန်မှုကြောင့် ငါးမင်းဆွေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ

မော်လမြိုင်၊ မတ် ၂၅ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်ဝေဖန်မှုကြောင့် စစ်တပ်ထောက်ခံသူလို့ လူသိများတဲ့ ငါးမင်းဆွေ ခေါ် ဦးမင်းဆွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် အမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။ ငါးမင်းဆွေကို ဒီကနေ့ မတ်လ ၂၅ ရက်နေ့မှာ အင်းစိန်ထောင်တွင်း လှိုင်တရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က…

ယီမင်မှာ တိုက်ခိုက်မယ့် အစီအစဉ်တွေကို အိမ်ဖြူတော်က ဂျာနယ်လစ်ဆီ မှားယွင်းပေးပို့ခဲ့

ဝါရှင်တန်၊ မတ် ၂၅ ယီမင်နိုင်ငံရှိ အီရန်မဟာမိတ် ဟူသီအဖွဲ့ကို အမေရိကန်က တိုက်ခိုက်မှု မတိုင်ခင် အချိန်တိုအတွင်း တိုက်ခိုက်မယ့် အစီအစဉ်အကြောင်း ဂျာနယ်လစ် တစ်ဦး ပါဝင်တဲ့ မက်ဆေ့ချ် ပေးပို့ရေး ဂရုထဲ ထရန့်ရဲ့အစိုးရအရာရှိတွေက မှားယွင်း ဝေမျှမိခဲ့ကြောင်း အိမ်ဖြူတော်က မတ် ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အမေရိကန် နိုင်ငံတော်လုံခြုံရေးကို ချိုးဖောက်မှုဥပဒေ…

ဥရောပမှာ ကလေးငယ်တွေ တီဘီရောဂါဖြစ်ပွားမှု မြင့်တက်လာတယ်လို့ WHO သတိပေး

ဂျီနီဗာ၊ မတ် ၂၅ ဥရောပဒေသမှာ ၂၀၂၃ ခုနှစ် ကလေးငယ်တွေကြား တီဘီရောဂါ ဖြစ်ပွားမှု ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် ရောဂါ ဆက်လက် ပျံ့နှံ့နိုင်တဲ့အတွက် ချက်ချင်း အရေးယူ ဆောင်ရွက်ရေး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က မတ် ၂၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဥရောပနဲ့ ဗဟိုအာရှရှိ နိုင်ငံပေါင်း ၅၃…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း ဒေသခံ ၃၃၀ နီးပါး ဖမ်းဆီးခံရ

တနင်္သာရီ၊ မတ် ၂၅ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ဒေသခံပြည်သူ ၃၂၆ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thaninthatyi ရဲ့ အစီခံစာအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တာနဲ့ အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ…

မုံရွာအခြေစိုက် နမခဌာနချုပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

မုံရွာ၊ မတ် ၂၅ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အရာရှိတစ်ဦးနဲ့ တပ်ကြပ်ကြီးစာရေးတွေအပါအဝင် ရှစ်ဦး သေဆုံးခဲ့တယ်လို့ Brave Warroir For Myanmar-BWM က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်မှာ…

ရေဖြူမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂၀ ကျော် သေဆုံး

ရေဖြူ၊ မတ် ၂၅ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ညှင်းထွေးကျေးရွာနဲ့ကျောက်ကညာကျေးရွာကြားမှာ လမ်းကြောင်းလုံခြုံရေးလာယူတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ မနေ့ မတ် ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်မှာ လမ်းကြောင်းလုံခြုံရေးလာယူတဲ့ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို…