ဆိုးလ်၊ မတ် ၂၄

ဝန်ကြီးချုပ် ဟန်ဒက်ဆူးအပေါ် စွပ်စွဲ ပြစ်တင်မှုကို တောင်ကိုရီးယား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ပယ်ချလိုက်ပြီး နိုင်ငံရဲ့ ယာယီသမ္မတအဖြစ် ပြန်လည် ခန့်အပ်လိုက်ပါတယ်။

သမ္မတ ယွန်ဆွတ်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းတာကြောင့် လွှတ်တော်က တာဝန်မှ ရပ်စဲပြီး စွပ်စွဲပြစ်တင်ပြီးတဲ့နောက် ဝန်ကြီးချုပ် ဟန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံ့ ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ တာဝန်ယူပြီး သီတင်းနှစ်ပတ်အကြာမှာပဲ လွှတ်တော်က သူ့ကို စွပ်စွဲ ပြစ်တင်ခဲ့တာကြောင့် ဒုတိယဝန်ကြီးချုပ် ချိုဆန်မော့က တာဝန် ဆက်ယူခဲ့ရပါတယ်။

သမ္မတက စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးစားပြီးနောက်ပိုင်း တောင်ကိုရီးယားမှာ နိုင်ငံရေး အကြပ်အတည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ယာယီသမ္မတအဖြစ် ခန့်အပ်ခံရပြီးနောက် ဝန်ကြီးချုပ် ဟန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံး တရားသူကြီးအသစ် ခန့်အပ်မှုတွေကို တားဆီးထားပါတယ်။

ဒါက သမ္မတယွန်အပေါ် တခြား တားဆီးမှုတွေကို ကြိုတင် ကာကွယ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆရပါတယ်။

ဟန်က သူ့ကို ယာယီ နိုင်ငံ့ခေါင်းဆောင်အဖြစ် ခန့်အပ်မှုအတွက်ကျေးဇူးတင်ကြောင်း၊ အစိုးရ အဖွဲ့ အဆင်ပြေပြေ လည်ပတ်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။

သမ္မတ ယွန်ကို လွှတ်တော်က စွပ်စွဲ ပြစ်တင်ပြီး ရာထူးကနေ ဒီဇင်ဘာ ၁၄ ရက်ကစလို့ ရပ်စဲခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက အတည်ပြုမှပဲ အမြဲတမ်း ထုတ်ပယ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

တကယ်လို့ နိုင်ငံတော်တရားရုံးက သူ့အပေါ် စွပ်စွဲ ပြစ်တင်မှုကို ပယ်ချခဲ့မယ်ဆိုရင် သူ့အနေနဲ့ သမ္မတရာထူးကို ချက်ချင်း ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

သမ္မတ ယွန်အပေါ် ပြစ်ဒဏ် ချမှတ်မယ့်ရက်ကိုတော့ တရားရုံးက မကြေညာသေးပေမယ့် ဆိုးလ်မြို့ မှာတော့ သူ့ကို ထောက်ခံသူတွေရော ဆန့်ကျင်သူတွေရဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာနေတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.