အိုတာဝါ၊ မတ် ၂၄

အမေရိကန်က မိမိတို့နိုင်ငံကို ပိုင်ဆိုင်စေဖို့၊ မိမိတို့နိုင်ငံကို ပြိုကွဲစေလိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အန္တရာယ်ကို ဖြေရှင်းရေး အားကောင်းတဲ့ လုပ်ပိုင်ခွင့် အာဏာလိုအပ်ကြောင်း၊ လာမယ့် ဧပြီ ၂၈ ရက်မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရေး မတ် ၂၃ ရက်မှာ ကနေဒါဝန်ကြီးချုပ် မက်ကာနေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကနေဒါအပေါ် အခွန် တိုးကောက်ပြီး အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ်အဖြစ် သိမ်းယူမယ်လို့ သမ္မတ ထရန့်က ခြိမ်းခြောက်ပြီးနောက်ပိုင်းမှာ အဓိက ကုန်သွယ်ဖက်၊ ကာလရှည် မဟာမိတ် နှစ်နိုင်ငံကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲကို အောက်တိုဘာ ၂၀ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတာ မရှိပေမယ့် ဝန်ကြီးချုပ် ကာနေက ဇန်ဝါရီလကတည်းက သူ့ရဲ့ လစ်ဘရယ်ပါတီ ထောက်ခံမှု ပြန်လည် ရရှိဖို့ ကြိုးပမ်းနေပါတယ်။

အဲဒီအချိန်ကစလို့ ထရန့်က ကနေဒါကို စတင်ခြိမ်းခြောက်နေခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာပဲ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ ကာနေက သူ့အနေနဲ့ ထရန့်ကို လေးစားပြီး လက်တွဲ အလုပ်လုပ်လို့ရတယ်လို့ ပြောကြားခဲ့တာပါ။

ဒါပေမဲ့ မတ် ၂၃ ရက်က ပြောကြားရာမှာတော့ သူက အမေရိကန် သမ္မတကို တိုက်ခိုက်လိုတဲ့ လေသံနဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထရန့်က မတရားသဖြင့် ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲနေပြီး မိမိတို့ရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်နေတာကြောင့် မိမိတို့ တစ်သက်တာမှာ အသိသာ အထင်ရှားဆုံး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ကြီးချုပ် ကာနေက ဆိုတာပါ။

မိမိတို့အနေနဲ့ ကနေဒါနိုင်ငံရဲ့ စီးပွားရေး အားကောင်းလာစေဖို့နဲ့ လုံခြုံစေဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကနေဒါဟာ နိုင်ငံတစ်ခု မဟုတ်ဘူးလို့ ထရန့်က ပြောဆိုပြီး အမေရိကန်က မိမိတို့ နိုင်ငံကို ပိုင်ဆိုင်နိုင်စေဖို့ မိမိတို့ နိုင်ငံကို ပြိုကွဲစေလိုတာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားခဲ့တာဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.