March 24, 2025

စစ်အာဏာသိမ်း (၁၅၁၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၄၅) ဦးအထိရှိလာ

မော်လမြိုင်၊ မတ်၂၅ AAPP ရဲ့ မတ် ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၁၃) ရက်အတွင်း ပြည်သူ (၆၄၄၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၉၂၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၉၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဒေသတွင်းနိုင်ငံတွေ အသိအမှတ်ပြုလာနေပြီလား

နေပြည်တော် ၊ မတ် ၂၅ လာမယ့် ဧပြီမှာ ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ရဲ့၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ် ကြားထားတယ်လို့ ထိုင်းသတင်းတချို့က ဖော်ပြပါတယ်။ ဧပြီ ၃ ရက်နေ့ကနေ ၄ ရက်နေ့အထိကျင်းပမယ့် အဲဒီအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ဖို့ရှိနေတာမို့…

မွန်ပြည်နယ်မှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်ကောင်စီ စတင်အသုံးပြုလုပ်လာ

မော်လမြိုင် ၊ မတ် ၂၅ မွန်ပြည်နယ်မှာ စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေကို လုံခြုံရေးနဲ့ မြို့တွင်းကင်းလှည့်မှုတွေမှာ စတင်အသုံးပြုလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီအသုံးပြုလာတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေဟာ အပြာရောင် ယူနီဖောင်းဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင်ကာ စစ်ကောင်စီကနေရာချပေးတဲ့ နေရာတွေမှာ လုံခြုံရေးတာဝန်ယူရတာပါ။ ဒါ့အပြင် မြို့ဝင်မြို့ထွက်မှာ စစ်ဆေးတာ၊ မြို့တွင်းလှည့်လည် စစ်ဆေးတာ၊ အခမ်းအနားတွေမှာ…

ထိုင်းနယ်စပ်က ခလယ့်ဒေးစစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေ

လှိုင်းဘွဲ၊ မတ် ၂၅ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထိုင်း-မြန်မာနယ်စပ်နား ခလယ့်ဒေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က မတ်လ ၂၃ ရက်နေ့ကစပြီး စတင်ပိတ်ဆို့တိုက်ခိုက်နေပြီလို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ခလယ့်ဒေးစခန်းကို မတ်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ကစတင်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ဘီးလင်းမြို့နယ်ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဘီးလင်း၊ မတ် ၂၅ မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လမ်းသွားလမ်းလာ အရပ်သားပြည်သူတစ်ဦး မိုင်းအစထိမှန်ဒဏ်ရာရရှိတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၂၄ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးတစ်လုံးဟာ ထွေအုပ်ရုံးရဲ့ အလံတိုင်အပေါ်…

စလင်း ကျပင်းမြောက်ရွာမှာ ဒေသခံ ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်

မကွေး မတ် ၂၄ မကွေးတိုင်း စလင်းမြို့နယ် ကျပင်းအုပ်စု ကျပင်းမြောက်ရွာက ဒေသခံ ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၀ ရက်က စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်ခဲ့ပြီး စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ သေဆုံးသူတွေရဲ့ အလောင်းတွေကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “စစ်ကြောင်းက ခုနစ်ယောက်ကို…

ကျိုက်ထိုမှာ စစစ အဖွဲ့ ပစ်ခတ်ခံရလို့ အရာရှိ နှစ်ဦး သေဆုံး

ကျိုက်ထို၊ မတ် ၂၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခမိတ်ကျေးရွာနဲ့ကြာဖြူကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) အဖွဲ့ ပစ်ခတ်ခံရတာကြောင့် အရာရှိ နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မနေ့ မတ် ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကုန်တင်ယာဉ်တွေကို စစ်ဆေးနေတဲ့ ကျိုက်ထိုမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) အဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့…

ဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် တောင်ကိုရီးယား တရားရုံး ပြန်လည် ခန့်အပ်

ဆိုးလ်၊ မတ် ၂၄ ဝန်ကြီးချုပ် ဟန်ဒက်ဆူးအပေါ် စွပ်စွဲ ပြစ်တင်မှုကို တောင်ကိုရီးယား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ပယ်ချလိုက်ပြီး နိုင်ငံရဲ့ ယာယီသမ္မတအဖြစ် ပြန်လည် ခန့်အပ်လိုက်ပါတယ်။ သမ္မတ ယွန်ဆွတ်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းတာကြောင့် လွှတ်တော်က တာဝန်မှ ရပ်စဲပြီး စွပ်စွဲပြစ်တင်ပြီးတဲ့နောက် ဝန်ကြီးချုပ် ဟန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ…

နိုင်ငံ ပြိုကွဲစေနိုင်မယ့် ထရန့်ရဲ့အန္တရာယ်ကို ဖြေရှင်းဖို့ ကနေဒါ ဝန်ကြီးချုပ် ကြားဖြတ် ရွေးကောက်ပွဲ ခေါ်ယူ

အိုတာဝါ၊ မတ် ၂၄ အမေရိကန်က မိမိတို့နိုင်ငံကို ပိုင်ဆိုင်စေဖို့၊ မိမိတို့နိုင်ငံကို ပြိုကွဲစေလိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အန္တရာယ်ကို ဖြေရှင်းရေး အားကောင်းတဲ့ လုပ်ပိုင်ခွင့် အာဏာလိုအပ်ကြောင်း၊ လာမယ့် ဧပြီ ၂၈ ရက်မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရေး မတ် ၂၃ ရက်မှာ ကနေဒါဝန်ကြီးချုပ် မက်ကာနေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။…

ထိုင်း၊ ဂျပန်နဲ့ ကိုရီးယားသို့ ပို့ဆောင်မယ့်အလုပ်သမားအရေအတွက်ကို စစ်ကောင်စီ ကန့်သတ်

မော်လမြိုင် မတ် ၂၄ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံအတွက် အလုပ်ကမ်းလှမ်းမှု ဦးရေ ၅၀၊ ဂျပန်နိုင်ငံအတွက် အလုပ်ကမ်းလှမ်းမှု ဦးရေ ၁၅ ဦးနဲ့ တောင်ကိုရီးယားနိုင်ငံအတွက် အလုပ်ကမ်းလှမ်းမှု ဦးရေ ၁၀ ဦးသာ တင်သွင်းကြဖို့ နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေထံ သတိပေးချက် ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဇန်ဝါရီ ၃၀ ရက်မတိုင်မီ စာချုပ်ချုပ်ဆိုထားတဲ့…