နေပြည်တော် ၊ မတ် ၂၃

စွမ်းအင်၊ ရေနဲ့ရှားပါးသတ္တုတွေကို ရယူသုံးစွဲနိုင်မှုဟာ ရေရှည်တည်ငြိမ်ရေးအတွက် အလွန်အရေး ကြီးလာတာမို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊နျူကလီးယားနဲ့ အခြားစွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ထားရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မတ် ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၀၂၅ အလွန် မြန်မာနိုင်ငံကြုံတွေ့လာရမယ့် စိန် ခေါ်မှုတွေနဲ့ အခွင့်အလမ်းများ သုံးသပ်ဆွေးဆွေးပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။

ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက်မှုတွေဖြစ်ပေါ်လာမယ့် အန္တရာယ်တွေအတွက် ကြိုတင်ဆောင် ရွက်တဲ့အနေနဲ့ ရှားပါးသတ္တုတွေနဲ့ စားရေရိက္ခာဖူလုံရေးတို့ကို လုံခြုံစိတ်ချရအောင် စီမံထိန်းသိမ်းရမယ်လို့ ဆိုပါတယ်။

မိတ်ဖက်တွေကို တိုးချဲ့ဆက်ဆံရာမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မယ့်အစီအမံတွေ ချမှတ်နိုင်ဖို့ လိုအပ်ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ နည်းပညာအရ မတူညီတဲ့ နယ်ပယ်အသီးသီးမှာ လိုက်ဖက်ညီအောင် ဆက်ဆံရေးတိုးမြှင့်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရုရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည် ဆောက်ရေးအပါအဝင် ကဏ္ဍအစုံမှာ နှစ်နိုင်ငံအကျိုးတူပူးပေါင်းမှု သဘောတူညီလက်မှတ် ၁၀ ခုကို စစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ မတ် ၄ ရက်နေ့က ရေးထိုးခဲ့ကြတာပါ။

တစ်ဘက်မှာ အယူဝါဒရေးရာကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ နိုင်ငံရေးစနစ်ကွဲပြားမှုတွေအပေါ် ပုံကြီးချဲ့ သွေးထိုးလှုံ့ဆော်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ကြီးမားလာအောင် ဆောင်ရွက်ခဲ့ကြတာလို့ စစ်ခေါင်းဆောင်က စွပ်စွဲပါတယ်။

အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့ပေမယ့် ပြည်တွင်းရေးအခြေအနေတွေထက် ပြည်ပက ပါဝင်စွက်ဖက်မှုတွေကြောင့် လက်နက်ကိုင်ပဋိပက္ခဟာ အခုထိရှိနေဆဲမို့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတာလို့ အပြစ်ဖို့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ကနေ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူချိန်ကစပြီး ဒီကနေ့အချိန်အထိ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ ကဏ္ဍပေါင်းစုံ ပျက်စီးယိုယွင်းမှုတွေဟာ အာဏာသိမ်းမှုကြောင့်လို့ ပြည်သူတွေက လက်ခံထားကြတာပါ။

ဒါကို စစ်ခေါင်းဆောင်က ပြဿနာအရင်းအမြစ်ကို မျက်ကွယ်ပြုပြီး မိမိတို့ ညီညွတ်မှုမရှိရင် ဘယ်စီးပွားရေးစနစ်မှ အောင်မြင်မှာမဟုတ်သလို ဘယ်နိုင်ငံရေးစနစ်မှလည်း ခိုင်ခိုင်မာမာ ဦးဆောင်နိုင်မှာမဟုတ်ဘူးလို့ ပြောသေးတာပါ။

သူတို့အနေနဲ့ ပြည်သူတွေ လိုလားပြီး နိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းနေတာဖြစ်လို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကိုလည်း ဥပဒေနဲ့အညီ လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ အင်အားကြီးနှစ်နိုင်ငံအကြားမှာ ရှိနေတာကြောင့် လွတ် လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေသသို ရှိနေတဲ့ စိန်ခေါ်မှုတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ကျော်လွှားမယ်လို့ စစ်ခေါင်းဆောင်က ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.