ကလော ၊ မတ် ၂၂

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်တချို့ဟာ ဥပ‌ဒေနဲ့ မညီတဲ့ လာဘ်ငွေယူကာ စစ်မှုထမ်း စစ် သားစုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုလိုက်ပါတယ်။

မတ် ၂၀ ရက်နေ့က ရှမ်းပြည်နယ် ကလောမြို့ကို သွားရောက်ပြီး ကလောတပ်နယ်က အရာရှိ၊ စစ် သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံစဉ် စစ်မှုထမ်းဆင့်ခေါ်မှုနဲ့ ပတ်သက်ပြီး အခုလို ဝန်ခံခဲ့တာပါ။

ဒုစစ်ခေါင်းဆောင်က တချို့သော ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေဟာ ဥပဒေလုပ်ထုံးလုပ် နည်းနဲ့အညီ ဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်တဲ့နေရာမှာ မလိုလားအပ်တဲ့ ငွေ ကြေးမသမာမှုတွေ ရှိတယ်လို့ ပြောပါတယ်။

ငွေကြေး မသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတချို့ အခက်အခဲ အကျပ်အ တည်း ဖြစ်ပေါ်နေပြီး အခုလိုနိစ္စဓူဝ ပြဿနာကိုလည်း ဖြေရှင်းနေရတဲ့အတွက် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ရဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေ တွေ့ရှိပါက သက်ဆိုင်ရာကို အချိန်နဲ့ တပြေးညီ အသိပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းကတော့ စစ်ကောင်စီဘက်က သတ်မှတ်အရည်အချင်းနဲ့ ပြည်စုံမှ စစ်မှုထမ်းဖို့အတွက် စုဆောင်းတယ်လို့ ပြောဆိုနေပေမယ့် မြေ ပြင်မှာ အသက်မပြည့်တဲ့ ကလေးတွေအပြင် ကျန်းမာရေး မကောင်းတဲ့ ကလေးတွေကိုပါ တပ်သား သစ်အဖြစ် အတင်းစုဆောင်းနေတယ်လို့ ပြောပါတယ်။

“စကစက အသက် ကိုယ်အင်္ဂါ ကျန်မာရေး အရပ်အမောင်းစသည့် သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ပြည့်ဝမှ စစ်မှုထမ်းဖို့ စုဆောင်းမယ်လို့ ပြောထားသော်ညားလည်း လက်ရှိတစ်နိုင်ငံလုံးအနှံ့ စစ်ရေး ရှုံးနိမ့်မှုတွေ တိုက်ပွဲတွေမှာ သေကြေဒဏ်ရာရထားခဲ့တဲ့ စစ်သားတွေ တပ်ရင်းအလိုက် အလံဖြူထောင်ပြီး လက်နက်ချထွက်ပြေးခဲ့တဲ့ စစ်သားအရေအတွက် ပြတ်လပ်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေ၊ ကျန်းမာရေးနဲ့ မပြည့်ဝတဲ့ ကလေးတွေကိုပါ တပ်သားအသစ်အဖြစ် အ တင်း စုဆောင်းနေတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေဟာ မြေပြင်မှာ ငွေကြေးတတ်နိုင်တဲ့သူနဲ့ သူတို့နဲ့ နီးစပ်သူတွေကို ငွေကြေးပေးဆောင်စေကာ စစ်မှုထမ်းရှောင်လွဲစေပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေကိုတော့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက သက်မှတ် အရည်အချင်းနဲ့ ပြည့်စုံတဲ့ သူတွေကိုသာ ဥပ‌ဒေနဲ့အညီ သင်တန်းတွေ ဖွင့်လှစ်သင်ကြား ပေးနေတယ်လို့ ပြောပေမယ့် ဒေသတွင်းမှာတော့ အတင်းအဓမ္မ ပေါ်တာ ဆွဲဖမ်းဆီးတာ၊ ငွေကြေး ပေးဆောင်စေပြီး လူစားထိုး အငှားခေါ်တာအပြင် နေအိမ်တွေအထိ ဝင်ရောက်ကာ ဖမ်းဆီး စစ်သားစုဆောင်းနေတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၉၃ ဦးကို စစ်မှုထမ်းဖို့အတွက် မှားယွင်းစွာ စုဆောင်းခဲ့တာကြောင့် မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ စစ်ကြောရေးနဲ့တည်းခိုရေးစခန်းမှာ ပြန်လည်နုတ်ထွက်ခွင့် ပြုခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေ အသက်သွင်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၁ အထိ သင်တန်းဖွင့်လှစ်ခဲ့ပြီး စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၁ ကိုတော့ ပြီးခဲ့တဲ့ မတ် ၁၇ ရက်နေ့က တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ဖွင့်လှစ်ခဲ့တာပါ။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ စစ်မှုထမ်းအတွက် လူငယ် ၂၄၀၀၀ နီးပါး အတင်းအဓမ္မ ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.