ကော့ကရိတ်၊ မတ် ၂၂

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးမှာ တပ်အင်အားဖြည့်ဆည်းလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မှာ နိုင်ငံတော်အဆင့်ဆိုပြီး စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲနေတဲ့ အောင်ဇေယျစစ် ကြောင်းတွေဆီ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို အ ဆက်မပြတ် ပို့ဆောင်အင်အားဖြည့်ဆည်းနေပြီး ကော့ကရိတ်မြို့အနီးက အာရှလမ်းမကြီးဆီ ထိုး စစ်ဆင်နေခဲ့တာပါ။

မတ်လ ၁၃ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းတွေနဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပိုပြီးအထိနာသေဆုံးဒဏ်ရာရတာတွေ များနေခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာ ကော့ကရိတ်မြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းနေရာ၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန် အထက်ပိုင်းနေရာတွေမှာ တည်ရှိနေပြီး တောနော်ရေတံခွန်အထက်မှာ ရောက်ရှိတပ်စွဲနေတဲ့ အောင်ဇေယျစစ်ကြောင်းတစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဆင့်ဆင့်ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်လျက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

အာရှလမ်းမကြီးရဲ့ တောနော်ရေတံခွန်အထက်နား ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့နိုင်ဖို့အတွက် ကော့ကရိတ်မြို့ကနေ စစ်ကောင်စီတပ်က အင်အားဖြည့် ထိုးဖောက်လာနေတဲ့အတွက် တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကော့ကရိတ်မြို့နယ်မှာ တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်ရောက်ရှိလာနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲအတွင်း အထိနာ သေဆုံး ဒဏ် ရာရရှိတာတွေ များပြားလာနေပြီး ရှေ့ဆက်မတိုးနိုင်တော့သလို စိတ်ဓာတ်ကျဆင်းလာကာ တော် လှန်ရေးအင်အားစုအဖွဲ့ဆီ လက်နက်ချအလင်းဝင်တာတွေ ရှိနေတာပါ။

တော်လှန်ရေးအင်အားစုအဖွဲ့ဆီ လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ပြောပြချက်အရ အောင်ဇေယျစစ်ကြောင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အများစုဟာ စိတ် ဓာတ်တွေ ဖရိုဖရဲကျဆင်းယိုယွင်းလာနေသလို အထက်အရာရှိတွေရဲ့ ဖိနှိပ်ချုပ်ချယ်ညှဉ်းပန်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင်အောင်ဇေယျစစ်ကြောင်းမှာ အစားအသောက်ကို လုံလုံလောက်လောက်မစားရဘဲ အနည်း ငယ်သာစားရပြီး ငတ်ပြတ်နေခဲ့ရတာတွေ၊ တိုက်ပွဲမှာ အထိနာသေဆုံးမှုများပြားနေပြီး စစ်မတိုက်ချင်တော့တဲ့သူတွေ များပြားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.