နေပြည်တော် ၊ မတ် ၁၁
ဒီမိုကရေစီအပါအဝင် တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေလည်း ပေးထားတာဖြစ်လို့ တစ်ဘက်သတ်အခွင့်အရေး ဘယ်တော့မှ ပေးလို့ရမှာမဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
ရုရှားနဲ့ ဘယ်လာရုစ်ခရီးစဉ်အပြန် ငြိမ်းချမ်ရေးနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ထောက်ခံတဲ့ ပြည်တွင်းရှိ သတင်းမီဒီယာတချို့ရဲ့ မေးမြန်းမှုကို လေ ယာဉ်ပေါ်မှာ ဖြေကြားပေးခဲ့တာပါ။
နိုင်ငံရေးအရ ပြည်သူတွေတောင်းဆိုတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားဖို့ ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့် အကောင်အထည်ဖော်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာဖြစ်သလို ပြည်တွင်းငြိမ်း ချမ်းရေးကိုလည်း လုပ်ရမယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေအနေနဲ့ ဖြစ်ချင်တာကိုမပြောဘဲ ဖြစ်သင့်တာတွေ ဖြစ်နိုင်တာပဲပြောဖို့နဲ့ ဒါကို တိုင်းရင်းသားတွေဘက်က စဉ်းစားဖို့သင့်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
နောက်ကျကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး ပါ တီစုံဒီမိုကရေစီစနစ်ကို လိုချင်ရင် အတိုက်အခံမလုပ်ဘဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက် ပွဲတွေကြောင့် မြို့နယ်ပေါင်း ၉၀ လောက်သာ စစ်ကောင်စီက အပြည့်အဝစိုးမိုးထိန်းချုပ်ထားနိုင်တာပါ။
စစ်ခေါင်းဆောင်ကတော့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီအစောပိုင်းမှာကျင်းပဖို့ စီစဉ်ထားတယ်လို့ ဘယ်လာရုစ်နိုင်ငံမှာ ထုတ်ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံက နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး ဖိတ်ခေါ်ချက်အရ စစ်ခေါင်း ဆောင်နဲ့ အဖွဲ့ဝင်တွေဟာ မတ် ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ တစ်ပတ်အကြာ သွားရောက်ခဲ့ပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အဲဒီနှစ်နိုင်ငံအစိုးရတို့က စစ်ကောင်စီဘက်ကို ဝင်ရောက်ထောက်ခံပေးတဲ့ အာမခံချက်ရရှိခဲ့ပြီး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေလည်း လွှတ်ပေးမယ့်အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အတိအ လင်းကြေညာထားပြီး ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MRTV