မော်လမြိုင်၊ မတ် ၈

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပြီး အဲဒီထဲက အမျိုးသမီးနဲ့ ကလေးငယ် ၁၀ သန်းကျော်ဟာ အဓိက အကူအညီလိုအပ်နေတယ်လို့ ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်ရေးရုံး UNOCHA က မတ် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပဋိပက္ခတိုးမြင့်လာတာ၊ ရွှေ့ပြောင်းနေထိုင်သူ များပြားလာတာ၊ သဘာဝဘေးအန္တရာယ်တွေ ထပ်ခါတလဲလဲ ဖြစ်ပွားတာနဲ့ စီးပွားရေးပြိုလဲခြင်းတွေကြောင့် အရင်ကရရှိခဲ့တဲ့ တိုးတက်မှုတွေ ဆုတ်ယုတ်သွားပြီး ကျား မ တန်းတူညီမျှမှု ကွာဟာချက် ပိုမိုနက်ရှိုင်းလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခနဲ့ ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးမြင့်လာတဲ့အပြင် စီး ပွားရေးအခက်အခဲတွေကြောင့် အသက်မွေးကြောင်းတွေ ထိခိုက်ခဲ့ရပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ လူကုန်ကူးခံရတာ၊ ခေါင်းပုံဖြတ်ခံရနေရတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ UNOCHA က ဆိုပါတယ်။

ကျန်းမာရေးဝန်ဆောင်မှုတွေမှာလည်း အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွားကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် ရန်ပုံငွေပံ့ပိုးမှုလိုအပ်နေတယ်လို့ ထောက်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ပထမနှစ်လအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ငွေကြေးအကူအညီတွေ ရုတ်တရက် ရပ်တန့်သွားတာနဲ့ လျှော့ချခြင်းတွေ ကြုံတွေခဲ့ရပြီး မြန်မာနိုင်ငံအတွက် ရန်ပုံငွေတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရှိ အ မျိုးသမီးနဲ့ မိန်းကလေးငယ် လူဦးရေ ၂ ဒသမ ၈၆ သန်းအတွက် အသက်ကယ် အကူအညီတွေ ပေး အပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.