အော်တိုဝါ၊ မတ် ၈
နိုင်ငံ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အားလျော့စေမှု၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေမှုတို့ကြောင့် မြန်မာစစ်တပ် အကြီးတန်းအရာရှိ ၁၃ ဦးနဲ့ လုပ်ငန်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီက မတ် ၇ ရက်မှာ ကြေညာလိုက်ပါတယ်။
မြန်မာကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အရေးယူပိတ်ဆိုမှု ပြုလုပ်တာဖြစ်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေတိုးမြှင့်နေပြီး မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေတာကြောင့် နိုင်ငံရဲ့ ပြဿနာကို ပိုမိုဆိုးရွားလာစေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ပိုဆိုးလာတဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ် သား ၆၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက် အစီရင်ခံစာကဖဆိုပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ကလေးငယ်တွေ အ ပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးနေရတယ်လို့ ကနေဒါက ပြောပါတယ်။
တခြားနိုင်ငံတွေအနေနဲ့လည်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ကြဖို့ ကနေဒါကတိုက် တွန်းထားပါတယ်။
မြန်မာစစ်တပ်ကိုပေးနေတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ားလုံးကို ရပ် တန့်ဖို့ မိမိတို့အနေနဲ့ နိုင်ငံတကာကို တိုက်တွန်းကြောင်းလည်း ကနေဒါက ဆိုပါတယ်။
စစ်ကောင်စီကို လက်နက်နဲ့ နည်းပညာတွေ မပေးကြဖို့လည်း ကနေဒါက နိုင်ငံတကာကိုတိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး မိမိတို့ရဲ့ လက်တွဲဖော်တွေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ကနေဒါက ပြောကြားခဲ့တာပါ။
Ref:Canada.ca