ကော့သောင်း၊ မတ် ၉

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းခံရတဲ့ လူငယ်နှစ်ဦး ထွက် ပြေးလွတ်မြောက်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဝင်ရောက်ခိုလှုံခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းမှာ ထွက်ပြေးခဲ့တာဖြစ်ပြီး အဲဒီထဲက အမျိုးသားနှစ်ဦးဟာ မတ်လ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှာ လာရောက်ခိုလှုံခဲ့တာပါ။

ထိုင်းနိုင်ငံရနောင်းမြို့မှာ အချုပ်ကျခံပြီးနောက် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခံရတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ဖမ်းဆီးခဲ့ပြီး ကော့သောင်းမြို့နယ် ခလရ ၄၃၁ တပ်စခန်းထံ ပို့ဆောင်ခဲ့တာပါ။

အဲဒီနောက် ကော့သောင်းမြို့နယ် ခလရ ၄၃၁ တပ်စခန်းမှာ တစ်ပတ်နီးပါးအကြာနေခဲ့ရပြီး အဲဒီကနေတဆင့် မြိတ်မြို့ကို စက်လှေနဲ့ ထပ်မံပို့ဆောင်ခဲ့ရပြီးနောက် ရွှေဒူးပညာရေးကျောင်းထံ ပြောင်း ရွှေ့ခဲ့တာပါ။

ရွှေဒူးပညာရေးကျောင်းကို ရောက်ရှိပြီး ၂ ရက်ခန့်အကြာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁ နာရီအချိန့်ခန့်မှာ ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စတင်ထွက်ပြေးချိန်က စုစုပေါင်း ၁၆ ဦး ထွက်ပြေးခဲ့တာဖြစ်သလို နောက်တစ်ရက်မှာ ၄ ဦး ပြန် လည်ဖမ်းဆီးခံခဲ့ရပြီး ၁၂ ဦး လွတ်မြောက်ခဲ့ကာ အဲဒီထဲမှာ ကိုသက်နိုင်ထွေးနဲ့ ကိုနိုင်ဝင်းထွန်းတို့ နှစ်ဦးက မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလကည်း စစ်ကောင်စီရဲ့ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင် စီတပ်သားနဲ့ ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- မြိတ်ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.